19 – ချာ့ခ်ျ

ယင်းတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသောစကားများဖြစ်သည်။
လူသား တွေ ရဲ့ စကား တွေ ကို ကျွန်တော် တို့ စိတ် မ ဝင်စား ကြ ဘူး ။
ဘုရားသခင် ကို ချစ် တဲ့ သူ တွေ အတွက်... ဘုရားသခင်ပြောတာက ဒီလိုပါတယ်– ချာ့ခ်ျ.

အရေးအပါဆုံးအခန်းငယ် ၃ ခု

ရ္ဟင္မသ္သဲခရစ္ဝင္ 18:20

အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 20:26-28

အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

တမန္တော္ဝထ္ထု 4:31-35

ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊ တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။

ကျမ်းရင်းဝင်အစဉ်အတိုင်း အခန်းငယ်တိုင်း– 313

ကမာၻဦးက်မ္း 28:17

ဤအရပ်ကား၊ အဘယ်မျှလောက် ကြောက်မက် ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ ဆို၏။

ကမာၻဦးက်မ္း 28:22

ပေးသနားတော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။

ထွက်မြောက်ရာကျမ်း 13:21-22

သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင်အားဖြင့် ၎င်း၊ ညဉ့်၌ကား၊ အလင်းပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့က ကြွတော်မူ၏။ နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။

ထွက်မြောက်ရာကျမ်း 19:5-6

ထိုကြောင့် ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှ သည် ငါ၏ဥစ္စာဖြစ်၏။ သင်တို့သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည် ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

ထွက်မြောက်ရာကျမ်း 19:22

ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။

ထွက်မြောက်ရာကျမ်း 25:8

ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။

ထွက်မြောက်ရာကျမ်း 33:9-11

မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။ တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။ ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင် နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သော လုလင်သည်၊ တဲတော်မထွက်ဘဲ နေ၏။

ဝတ်ပြုရာကျမ်း 10:9-10

သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။

တောလည်ရာကျမ်း 9:15-16

တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။ ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။

ဓမၼရာဇဝင္ဒုတိယေစာင္ 7:6

ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောနေ့ကစ၍ယနေ့တိုင်အောင် အိမ်နှင့်ငါ မနေ။ တဲအမျိုးမျိုးနှင့်ငါလှည့်လည်ပြီ။

ဓမ္မရာဇဝင် တတိယစောင် 6:12-13

ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သော လမ်းသို့ လိုက်လျက်၊ ငါစီရင် ချက်အတိုင်းစီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက် လျှင်၊ သင်၏အဘဒါဝိဒ်အား ငါဂတိထားသည်အတိုင်း သင်၌ငါပြုမည်။ ငါ၏လူဣသရလအမျိုးကို ငါမစွန့်။ သူတို့ အလယ်၌ နေမည်ဟု မိန့်တော်မူ၏။

ဓမ္မရာဇဝင် တတိယစောင် 8:10-11

ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏ အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။ ထိုသို့ ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။

ဓမ္မရာဇဝင် တတိယစောင် 9:1

ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊

ဓမၼရာဇဝင္စတုတၳေစာင္ 22:8

ယဇ်ပုရောဟိတ်မင်းဟိလခိကလည်း၊ ပညတ္တိ ကျမ်းစာစောင်ကို ဗိမာန်တော်၌ ငါတွေ့ပြီဟု စာရေး တော်ရှာဖန်အားဆိုလျက်၊ ကျမ်းစာကို အပ်၍ စာရေး တော်ဘတ်၏။

ဓမၼရာဇဝင္စတုတၳေစာင္ 23:7

မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။

ရာဇဝင္ခ်ဳပ္ပဌမေစာင္ 22:19

သို့ဖြစ်၍သင်တို့၏ ဘုရားသခင်ထာဝရဘုရား ကို ရှာခြင်းငှါ ကိုယ်စိတ်နှလုံးကို နှိုးဆော်တွန်းကြလော့။ ထာဝရဘုရား၏နာမတော်အဘို့၊ တည်ရသော အိမ်တော် ထဲသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့် ဘုရား သခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှါ ထကြ လော့။ ထာဝရအရှင်ဘုရားသခင်၏ သန့်ရှင်းရာဌာန တော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 5:13-14

သီချင်းဆိုသောသူတို့နှင့်ဝိုင်းလျှင်၊ ထာဝရဘုရား ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ ထောမနာပြုခြင်းငှါ၊ တညီတညွတ်တည်း အသံပြိုင်လျက်၊ ကောင်းမြတ်တော် မူသည်။ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု တံပိုး ခွက်ကွင်းအစရှိသောတုရိယာမျိုးနှင့်တကွ၊ အသံကိုလွှင့်၍ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြသောအခါ၊ ထာဝရ ဘုရား၏အိမ်တော်သည် မိုဃ်းတိမ်နှင့်ပြည့်၏။ ထိုသို့ဘုရားသခင်၏ အိမ်တော်သည် ထာဝရ ဘုရား၏ ဘုန်းတော်နှင့်ပြည့်လျက်၊ မိုဃ်းတိမ်တော် ကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ကို ဆောင် ရွက်လျက်ရပ်၍ မနေနိုင်ကြ။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 7:1-3

ထိုသို့ ရှောလမုန်သည်ပဌနာပြု၍ ပြီးသော အခါ၊ ကောင်းကင်က မီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား ဘုန်းတော်နှင့်ပြည့်၏။ ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့် ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရ ဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။ ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ် ၌ မြေပေါ်မှာ ဦးချပြပ်ဝပ်လျက် ကောင်းမြတ်တော်မူ သည်၊ ကရုဏာတော်အစဉ်အမြဲတည်သည်ဟု ထာဝရ ဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကို ချီးမွမ်းကြ၏။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 23:19

မသန့်ရှင်းသော လက္ခဏာတစုံတခုရှိသော သူကို မဝင်စေခြင်းငှါ။ ဗိမာန်တော်တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 30:8

သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 31:4

ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရ ဘုရား၏ တရားကိုကြိုးစား၍ သွန်သင်စေခြင်းငှါ၊ ယေရု ရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတဘို့ကို လှူရမည် အကြောင်း မိန့်တော်မူ၏။

ရာဇဝင္ခ်ဳပ္ဒုတိယေစာင္ 36:15

ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ မိမိလူမျိုးနှင့် မိမိနေတော်မူရာ အရပ်ကိုသနား သောကြောင့်၊ စောစောထ၍ အထပ်ထပ် စေလွှတ်သော တမန်တို့အားဖြင့် မှာလိုက်တော်မူသော်လည်း၊

ေနဟမိမွတ္စာ 8:8

ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။

ေနဟမိမွတ္စာ 10:39

လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။

ဆာလံက်မ္း 16:3

ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။

ဆာလံက်မ္း 22:22

အကျွန်ုပ်သည် သိတင်းတော်ကို ညီအစ်ကိုတို့ အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော် ကို ချီးမွမ်းပါမည်။

ဆာလံက်မ္း 23:6

အကယ်စင်စစ်အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

ဆာလံက်မ္း 27:4

ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။

ဆာလံက်မ္း 28:9

ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။

ဆာလံက်မ္း 34:3

ငါနှင့်အတူ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။

ဆာလံက်မ္း 42:4

ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။

ဆာလံက်မ္း 65:4

တန်တိုင်းတော်အတွင်း၌ နေ၍၊ အထံတော်သို့ ချဉ်းကပ်စေခြင်းငှါ၊ ကိုယ်တော်ရွေးကောက် တော်မူသော သူသည် မင်္ဂလာရှိပါ၏။ သန့်ရှင်းသော ဗိမာန်တော်တည်းဟူသော အိမ်တော်၌ ကောင်းသော အရာတို့နှင့် အကျွန်ုပ်တို့သည် ဝပြောကြပါစေသော။

ဆာလံက်မ္း 68:6

ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။ ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။

ဆာလံက်မ္း 79:13

သို့ဖြစ်၍၊ ကိုယ်တော်ထံ၌ ကျက်စားသော သိုးစုတည်းဟူသော ကိုယ်တော်၏လူ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အစဉ်မပြတ်ချီးမွမ်း၍၊ ဂုဏ်ကျေးဇူးတော် ကို အစဉ်အဆက် ဖြစ်လတံ့သောသးတို့အား ဘော်ပြ ကြပါမည်။

ဆာလံက်မ္း 84:1-4

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊ ထာဝရဘုရား၏ တန်တိုင်းတော်တို့ကို အကျွန်ုပ် ၏ဝိညာဉ်သည် တသ၍ အားလျော့လျက်ရှိပါ၏။ အကျွန်ုပ်နှလုံးနှင့် ကိုယ်ခန္ဓာသည် အသက်ရှင်တော်မူ သော ဘုရားသခင်ကို အလိုရှိ၍ ကြွေးကြော်ပါ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကယ် စင်စစ်ယဇ်ပလ္လင်တော်တို့ အနားမှာ စာငှက်သည် နေရာ အရပ်ကို၎င်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကို၎င်း တွေ့ရပါ၏။ အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။

ဆာလံက်မ္း 84:10

တန်တိုင်းတော်တို့အတွင်း၌ နေသောတရက် သည် အခြားအရပ်၌နေသော အရက်တထောင်ထက် သာ၍ ကောင်းပါ၏။ မတရားသော သူ၏နေရာ၌ နေရ သော အခွင့်ထက်၊ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော် ၌ တံခါးစောင့်အရာကို အကျွန်ုပ်သာ၍ နှစ်သက်ပါ၏။

ဆာလံက်မ္း 89:7

ဘုရားသခင်သည် သန့်ရှင်းသူတို့၏ ပရိသတ် တွင် အလွန်ကြောက်ရွံ့ဘွယ်ဖြစ်တော်မူ၏။ အထံတော်၌ ပတ်လည်နေသောသူအပေါင်းတို့ထက် ရိုသေဘွယ် ဖြစ်တော်မူ၏။

ဆာလံက်မ္း 92:13

ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုးသော သူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။

ဆာလံက်မ္း 111:1

ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။

ဆာလံက်မ္း 122:1

ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။

ဆာလံက်မ္း 127:1

ထာဝရဘုရားသည် အိမ်ကို ဆောက်တော်မမူ လျှင်၊ ဆောက်သော သူတို့သည် အချည်းနှီးလုပ်ဆောင် ကြ၏။ ထာဝရဘုရားသည် မြို့ကို စောင့်တော်မမူလျှင်၊ ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။

ဆာလံက်မ္း 133:1

ညီအစ်ကိုတို့သည် သဘောတူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့် တယ်လျောက်ပတ်ပေ၏။

ဆာလံက်မ္း 149:1

ထာဝရဘုရားရှေ့တော်၌ အသစ်သောသီချင်း ကို ဆို၍၊ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့။

သုတၱံက်မ္း 22:6

သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။

သုတၱံက်မ္း 27:17

သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။

ဒေသနာကျမ်း 5:1

ဘုရားသခင့်အိမ်တော်သို့ သွားသောအခါ၊ သင့်ခြေတို့ကို စောင့်လော့။ လူမိုက်ပြုသော ယဇ်ပူဇော် ခြင်းအမှုထက်၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစား လော့။ လူမိုက်တို့သည် ကိုယ်အပြစ် ကိုမဆင်ခြင်တတ် ကြ။

ဟေရှာယအနာဂတ္တိကျမ်း 6:1

ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။

ဟေရှာယအနာဂတ္တိကျမ်း 6:8-9

တဖန်ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဘို့ အဘယ်သူသွားမည်နည်း ဟု မေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့။

ဟေရှာယအနာဂတ္တိကျမ်း 52:11

ထှကျကွ။ ထှကျကွ။ ထိုအရပ်မှ ထွက်သွားကြ လော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။

ဟေရှာယအနာဂတ္တိကျမ်း 56:6-7

ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော် ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်း အလိုငှါ၊ ထာဝရ ဘုရား၌မှီဝဲသော တပါးအမျိုးသားတို့ကို၎င်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသော သူအပေါင်းတို့ကို၎င်း၊ ငါ၏သန့်ရှင်းသော တောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပဌနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့ မီးရှို့ရာ ယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံ မည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာ အိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့။

ယေရမိအနာဂတ္တိကျမ်း 3:15

ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။

ယေရမိအနာဂတ္တိကျမ်း 23:1-4

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ထံမှာ ကျက်စားသော သိုးတို့ကို ဖျက်ဆီး၍၊ အရပ်ရပ်သို့ ကွဲပြား စေသော သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ တဖန်မိန့်တော်မူသည်ကား၊ ငါ၏သိုးစုကို ငါနှင်ထုတ်သော ပြည်ရှိသမျှတို့၌ ကျန်ကြွင်းသော သိုး တို့ကို ငါစုဝေး၍၊ နေရင်းသိုးခြံသို့ တဖန်ငါဆောင်ခဲ့ ဦးမည်။ သူတို့သည်လည်း၊ သားဘွား၍ များပြားကြလိမ့် မည်။ သူတို့ကို ကျွေးမွေးသော သိုးထိန်းတို့ကို သူတို့ အပေါ်မှာ ငါခန့်ထားသဖြင့်၊ သူတို့သည် နောက်တဖန် ကြောက်ခြင်း၊ ထိတ်လန့်ခြင်းမရှိ ရကြ။ ဆုံးမခြင်းကိုလည်း မခံရကြဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း 23:11

ပရောဖက်နှင့်ယဇ်ပုရောဟိတ်နှစ်ပါးတို့သည် ဘုရားကို မရိုမသေပြုကြပြီ။ ငါ့အိမ်၌ပင် သူတို့ပြုသော အဓမ္မအမှုကို ငါတွေ့ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း 3:17-21

အချင်းလူသား၊ သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့်ထားသောကြောင့်၊ ငါသတိ ပေးသောစကားကို နားထောင်၍ သူတို့အား ဆင့်ဆို လော့။ သင်သည် အမှန်သေလိမ့်မည်ဟု၊ လူဆိုးအား ငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏ အသက် ကို ချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသောစကား ကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေ လိမ့်မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ သို့မဟုတ်၊ သင်သည် လူဆိုးကို သတိပေးလျက် နှင့်သူသည် မိမိပြုသော ဒုစရိုက်ကို၎င်း၊ မိမိလိုက်သော အဓမ္မလမ်းကို၎င်း မရှောင်ဘဲနေလျှင်၊ မိမိအပြစ်၌ သေလိမ့်မည်။ သင်မူကား၊ ကိုယ်အသက် ဝိညာဉ်ကို ကယ်နှုတ်လေပြီ။ တဖန်တုံ၊ ဖြောင့်မတ်သောသူသည်ဖေါက်ပြန်၍ ဒုစရိုက်ကိုပြု လျှင်၎င်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာငါထားလျှင်၎င်း သူသည် သေလိမ့်မည်။ သင်သည်သတိမပေးသောကြောင့်၊ သူသည်မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဘူးသော တရားကို ပမာဏမပြုရ။ သူ၏ အသက်ကိုကား၊ သင်၌ငါတောင်းမည်။ သို့မဟုတ်၊ ဖြောင့်မတ်သော သူသည်ဒုစရိုက်ကို မပြုမည်အကြောင်း၊ သည်သည်သတိပေး၍ သူသည် ဒုစရိုက်ကို မပြုဘဲနေလျှင်၊ သတိပေးသောကျေးဇူး ကြောင့် စင်စစ်အသက်ချမ်းသာလိမ့်မည်။ သင်သည် လည်း၊ ကိုယ်အသက်ဝိညာဉ်ကို ကယ်နှုတ်လေပြီဟု မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း 22:26

ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။

ယေဇကျေလအနာဂတ္တိကျမ်း 34:2-6

အချင်းလူသား၊ သင်သည် ဣသရေလအမျိုး သိုးထိန်းတို့တဘက်၌ ပရောဖက်ပြု၍ ဟောပြောလျက်၊ သိုးထိန်းတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသော စကားကိုဆင့်ဆိုရမည်မှာ၊ ကိုယ်ကိုသာ ကျွေးမွေးသော ဣသရေလအမျိုး သိုးထိန်းတို့သည် အမင်္ဂလာရှိကြ၏။ သိုထိန်းသည် သိုးတို့ကိုမကျွေးမွေးရသလော။ သင်တို့သည် သိုးနို့ကို စားကြ၏။ သိုးမွေးကို ဝတ်ကြ၏။ ဆူဖြိုးသော သိုးတို့ကိုလည်း သတ်ကြ၏။ သို့ရာတွင်၊ သိုးတို့ကို မကျွေးမွေးပါတကား။ အားနည်းသောသိုးကိုမ မစကြ၊ နာသော သိုးတို့ကိုဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတပါးနှင့်သော သိုးကိုလိုက် ၍မဆောင်ခဲ့ ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။ ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏။ ကွဲပြားလျက်နေသောအခါ ခပ်သိမ်းသော တောသားရဲစားစရာဖြစ်ကြ၏။ ငါ့သိုးတို့သည် တောင်များ၊ မြင့်သောကုန်းများ အပေါ်မှာလဲ၍ မြေတပြင်လုံတွင် အရပ်ရပ်သို့ ကွဲပြား ပြန့်လွင့်လျက်နေ၍၊ အဘယ်သူမျှ မလိုက်ရှာကြ။

ယေဇကျေလအနာဂတ္တိကျမ်း 34:7-10

သို့ဖြစ်၍၊ အချင်းသိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း၊ သိုးထိန်းမရှိ၊ အဘယ်သိုးထိန်း မျှ ငါ့သိုးတို့ကိုမရှာ၊ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မကျွေးမွေး၊ ကိုယ်ကိုသာကျွေးမွေးသဖြင့်၊ ငါ့သိုးတို့သည် လုယူရာ၊ခပ်သိမ်းသောတောသားရဲစားစရာဖြစ်သောကြောင့်၊ အချင်း သိုးထိန်းတို့၊ ထာဝရဘုရား၏ အမိန့်တော်ကိုနားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်သိုးထိန်းတို့ တလက်၌နေ၏။ ငါ့သိုးများကို သူတို့၌ငါတောင်း၍ သိုးထိန်းအရာကို နှုတ်မည်။ သိုးထိန်း တို့သည် နောက်တဖန်ကိုယ်ကို မကျွေးမွေးရကြ။ ငါ့သိုးများကို သူတို့ပစပ်မှ ငါနှုတ်၍ နောက်တဖန် မကိုက် မစားရကြ။

ယေဇကျေလအနာဂတ္တိကျမ်း 34:20-22

သို့ဖြစ်၍၊ ထိုသူတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဆူဖြိုးသော တိရစ္ဆာန်တို့နှင့် ပိန်ကြုံ သောတိရစ္ဆာန်တို့ကို ငါသည် ကိုယ်တိုင်ပိုင်းခြားမည်။ သင်တို့သည် အားနည်းသောသိုးတို့ကို အရပ်ရပ် သို့ ကွဲပြားစေခြင်းငှါ နံပါးနှင့်၎င်း၊ ပခုံးနှင့်၎င်း တိုး၍ ချိုနှင့်ခွေ့သောကြောင့်၊ ငါသည် ငါ့သိုးတို့ကို ကယ်တင်သဖြင့်၊ သူတို့ သည် နောက်တဖန် လုယူရာမဖြစ်ရကြ။ တိရစ္ဆာန် အမျိုးမျိုးတို့ကိုလည်း ငါပိုင်းခြားမည်။

ယေဇကျေလအနာဂတ္တိကျမ်း 34:23

သိုးထိန်းတဦးကိုလည်း ငါခန့်ထား၍ သူသည် ကျွေးမွေးလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် သူတို့ကို ကျွေးမွေး၍ သိုးထိန်းလုပ်ရလိမ့်မည်။

ယေဇကျေလအနာဂတ္တိကျမ်း 37:27

ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။

ယေဇကျေလအနာဂတ္တိကျမ်း 44:4

ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍။ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည် ပြပ်ဝပ်လျက်နေ၏။

ယေဇကျေလအနာဂတ္တိကျမ်း 44:23

ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာတို့ကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကို၎င်း ပိုင်းခြား၍သိစေခြင်းငှါ သွန်သင် ရကြမည်။

ယေဇကျေလအနာဂတ္တိကျမ်း 44:27

သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှါ အတွင်းတန်တိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ယေဇကျေလအနာဂတ္တိကျမ်း 45:4

ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကို ဆောင်ခြင်းငှါ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏ အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။ သူတို့ အိမ်ဆောက်စရာနှင့် သန့်ရှင်း ရာဌာန်တည်စရာတို့ သန့်ရှင်းသော မြေဖြစ်ရမည်။

ယောလအနာဂတ္တိကျမ်း 2:28-29

ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။

အာမုတ္အနာဂတၱိက်မ္း 3:7

အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။

ဟဂၢဲအနာဂတၱိက်မ္း 2:7-9

လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

မာလခိအနာဂတၱိက်မ္း 2:7

ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။

မာလခိအနာဂတၱိက်မ္း 3:10

ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 4:19

ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊

ရ္ဟင္မသ္သဲခရစ္ဝင္ 4:23

ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 6:7

သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် မိမိတို့အလို ပြည့်စုံမည်ဟု ထင်မှတ်ကြ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 6:33

ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာ များကို ထပ်၍ပေးတော်မူလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 7:15

အတွင်း၌ကြမ်းတမ်းသော တောခွေးဖြစ်လျက် သိုးရေကိုခြုံ၍သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။

ရ္ဟင္မသ္သဲခရစ္ဝင္ 9:35-38

ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 10:1

တကျိပ်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူပြီးမှ၊ ညစ်ညူးသောနတ်တို့ကို နှင်ထုတ်ခြင်းငှါ၎င်း၊ အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေခြင်းငှါ၎င်း အခွင့်ပေးတော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 10:8

နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူ တို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဘိုးမပေးဘဲ ကျေးဇူးတော် ကို ခံရကြပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့။

ရ္ဟင္မသ္သဲခရစ္ဝင္ 10:17

လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 10:40-42

သင်တို့ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူ သောသူကို လက်ခံ၏။ ပရောဖက်၏ မျက်နှာကိုထောက်၍၊ ပရောဖက်ကို လက်ခံသောသူသည် ပရောဖက်၏အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သောသူ၏မျက်နှာကိုထောက်၍၊ ဖြောင့်မတ်သောသူကို လက်ခံသောသူသည် ဖြောင့်မတ် သောသူ၏အကျိုးကို ခံရလတံ့။ အကြင်သူသည် တပည့်တော်၏ မျက်နှာကိုထောက်၍ ဤသူငယ်တစုံတယောက်အား ရေတခွက်ကို မျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 13:54

ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားစရပ်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်း မောတွေဝေခြင်းရှိကြသဖြင့်၊ ဤသူသည် ဤပညာကို၎င်း၊ ဤတန်ခိုးကို၎င်း အဘယ်မှာရသနည်း။

ရ္ဟင္မသ္သဲခရစ္ဝင္ 16:18-19

ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည် မနိုင်ရာ။ ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာ ချည် နှောင်သမျှသည် ကောင်းကင်ဘုံ၌ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်း ကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊

ရ္ဟင္မသ္သဲခရစ္ဝင္ 18:12-13

အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 18:15-17

ထို့ကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏ အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် ညီအစ်ကို ကိုရပြီ။ သို့မဟုတ် သင်၏စကားကိုနားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍စကားရှိသမျှတို့ကို တည် စေခြင်းငှာ ကိုယ်နှင့်အတူ လူတဦးနှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အားကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူကဲ့သို့၎င်း၊ အခွန်ခံကဲ့သို့၎င်း ထိုသူကိုမှတ်လော့။

ရ္ဟင္မသ္သဲခရစ္ဝင္ 18:20

အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 20:26-28

အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 21:12-13

ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊ ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 21:14-15

ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။ ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊

ရ္ဟင္မသ္သဲခရစ္ဝင္ 23:8-12

သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။ မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။ ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ၏။ သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။ အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:24

အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 25:36

ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊

ရ္ဟင္မသ္သဲခရစ္ဝင္ 27:51

ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 28:19-20

သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြ လော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့ အား မိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 1:39-41

ဂါလိလဲပြည်အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက်နတ်ဆိုးတို့ကို နှင်ထုတ်လျက်နေတော်မူ၏။ နူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍ ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန် တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။ ယေရှုသည် သနားသောစိတ်ရှိသဖြင့် လက်တော်ကိုဆန့်၍ ထိုသူကိုတို့လျှက်၊ ငါအလိုရှိ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေဟု မိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 3:14-15

ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူတည်းဟူသော၊

ရ္ဟင္မာကုခရစ္ဝင္ 6:2

ဥပုသ်နေ့ရောက်လျှင် တရားစရပ်၌ ဆုံးမဩဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကို အဘယ်မှာရသနည်း။ သူရသော ပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။

ရ္ဟင္မာကုခရစ္ဝင္ 7:7-9

လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။

ရ္ဟင္မာကုခရစ္ဝင္ 7:13

မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 9:41

သင်တို့သည်ခရစ်တော်နှင့် ဆိုင်သည်ဟု ငါ့မျက်နှာကိုထောက်၍ အကြင်သူသည် သင်တို့အား ရေ တခွက်ကိုမျှပေး၏။ ထိုသူသည် အကျိုးကို မရဘဲနေရာ၊ ငါအမှန်ဆို၏။

ရ္ဟင္မာကုခရစ္ဝင္ 11:15-17

ယေရုရှလင်မြို့သို့ ရောက်သောအခါ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်ရာကို၎င်း တွန်းလှဲ တော်မူ၍၊ ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက်ရမည်အကြောင်း မြစ်တားတော် မူလျက်၊ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ထားပြတွင်းဖြစ်စေကြပြီးတကားဟူ၍ ဆုံးမဩဝါဒပေးတော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 13:2

ယေရှုက၊ ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည်ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှမတည် မနေရဟုမိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 13:9

သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့် မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။

ရ္ဟင္မာကုခရစ္ဝင္ 15:38

ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။

ရ္ဟင္မာကုခရစ္ဝင္ 16:15-18

သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။ မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏။

ရ္ဟင္မာကုခရစ္ဝင္ 16:20

တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။

ရ္ဟင္လုကာခရစ္ဝင္ 4:16

ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ် သို့ ဝင်၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 4:32-36

အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ဒေသနာတော်ကိုအလွန်အံ့ဩကြ၏။ ထိုတရားစရပ်၌ ညစ်ညူးသော နတ်ဆိုးစွဲသောသူတယောက်ရှိ၍၊ ဪနာဇရပ်မြို့သား ယေရှုကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှါ လာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏၊ ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ကြီးသောအသံနှင့် ဟစ်ကြော်လေ၏။ ယေရှုကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထိုသူ၏အထဲက ထွက်သွားလော့ဟု ဆုံးမတော်မူလျှင်၊ နတ် ဆိုးသည်ထိုသူကို လူအများအလယ်၌ လှဲချ၍ ဘေးဥပဒ်မပြုဘဲ ထွက်သွား၏။ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သော စကားနည်း၊ ညစ်ညူးသော နတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်းဆွေးနွေး ပြော ဆိုကြ၏။

ရ္ဟင္လုကာခရစ္ဝင္ 4:44

ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊ ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရား ဟောပြောလျက်နေတော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 5:10

ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 6:6

အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည်တရားစရပ်သို့ ဝင်၍ဆုံးမဩဝါဒ ပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူ တယောက်ရှိ၏။

ရ္ဟင္လုကာခရစ္ဝင္ 6:40

တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။

ရ္ဟင္လုကာခရစ္ဝင္ 9:1-2

တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုး နှင့် အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ အခွင့်တန်ခိုးကို ပေးတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ၎င်း စေလွှတ်တော်မူ၍၊

ရ္ဟင္လုကာခရစ္ဝင္ 12:31-32

သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှါ အလို ရှိတော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 13:10-14

တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊ တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။ ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါ နှင့် လွတ်၏ဟု မိန့်တော်မူလျက်၊ သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရား သခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။

ရ္ဟင္လုကာခရစ္ဝင္ 15:4-7

သိုးတကောင်ပျောက်လျှင်၊ ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောတွင်ထားခဲ့ပြီးမှ၊ ပျောက်သော သိုး တကောင်ကို မတွေ့မှီတိုင်အောင်သွား၍ မရှာဘဲနေမည်လော။ တွေ့ပြီးလျှင် ဝမ်းမြောက်သော စိတ်နှင့် ပခုံးပေါ်မှာ တင်ထမ်း၍၊ မိမိအိမ်သို့ ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည် မဟုတ်လော။ ထိုနည်းတူ ဖြောင့်မတ်၍ နောင်တရစရာအကြောင်းမရှိသောသူ ကိုးဆယ်ကိုးယောက်တို့၌ ကောင်း ကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်ထက်၊ နောင်တရသောလူဆိုးတယောက်၌ သာ၍ဝမ်းမြောက်ခြင်း ရှိကြသည်ဟု ငါဆို၏။

ရ္ဟင္လုကာခရစ္ဝင္ 17:3

သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံး မလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။

ရ္ဟင္လုကာခရစ္ဝင္ 23:45

နေအရောင်ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။

ရ္ဟင္လုကာခရစ္ဝင္ 24:52-53

တပည့်တော်တို့သည် ကိုယ်တော်ကို ပြပ်ဝပ်ကိုးကွယ်ပြီးမှ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းနှင့် ယေရု ရှလင်မြို့သို့ ပြန်သွားကြ၏။ ဘုရားသခင်ကို အံ့ဩချီးမွန်းလျက် ဗိမာန်တော်သို့ ရောက်မြဲရောက်ကြ၏။

ရ္ဟင္ယောဟန္ခရစ္ဝင္ 2:15-17

ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊ ထိုသူအပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊ ဗိမာန် တော်မှနှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏ ငွေတင်ခုံများကို တွန်းပစ်မျောထားတော်မူ၏၊ ချိုးငှက်ရောင်းသောသူတို့အားလည်း၊ ဤဥစ္စာကို ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြ နှင့်ဟု မိန့်တော်မူ၏။ ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုးစားပါ၏ဟူ၍ ကျမ်းစာလာသည်ကို၊ ထိုအခါတပည့်တော်တို့သည် မှတ်မိကြ၏။

ရ္ဟင္ယောဟန္ခရစ္ဝင္ 6:53

ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။

ရ္ဟင္ယောဟန္ခရစ္ဝင္ 10:16

ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။

ရ္ဟင္ယောဟန္ခရစ္ဝင္ 13:34-35

သင်တို့သည် အချင်းချင်းတယောက်ကိုတယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏ တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။

ရ္ဟင္ယောဟန္ခရစ္ဝင္ 16:2-3

လောကီသားတို့သည် သင်တို့ကိုတရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကိုသတ်သောသူ မည်သည် ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလရောက်လိမ့်မည်။ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

ရ္ဟင္ယောဟန္ခရစ္ဝင္ 17:11

ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ရှိရစ်ကြပါမည်။ အကျွန်ုပ် သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။

ရ္ဟင္ယောဟန္ခရစ္ဝင္ 17:16-17

အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။ ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

ရ္ဟင္ယောဟန္ခရစ္ဝင္ 17:21-22

ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊

ရ္ဟင္ယောဟန္ခရစ္ဝင္ 21:15-17

နံနက်စာကို စားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမုန်၊ ဤသူတို့သည် ငါ့ကို ချစ်သည်ထက် သင်သည်သာ၍ချစ်သလောဟု ရှိမုန်ပေတရုအားမေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်သော်၊ ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့ဟု မိန့်တော်မူ၏။ တဖန်ယေရှုက၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယအကြိမ်မေးတော်မူလျှင်၊ ဟုတ်ပါ၏သခင်။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ဟုလျှောက်သော်၊ ငါ၏ သိုး တို့ကို ထိန်းလော့ဟုမိန့်တော်မူ၏။ ယေရှုကလည်း၊ ယောန၏သားရှိမုန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော်မူလျှင်၊ သင်သည်ငါ့ကိုချစ်သလောဟု သုံးကြိမ်မြောက်အောင် မေးတော်မူသောကြောင့် ပေတရုသည်စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကိုသိတော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ဟု လျှောက်သော်၊ ယေရှုက၊ ငါ၏သိုးတို့ကို ကျွေးမွေးလော့။

တမန္တော္ဝထ္ထု 1:8

ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

တမန္တော္ဝထ္ထု 1:14-15

ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။ ထိုအခါအရေအတွက်အားဖြင့် တရာနှစ်ဆယ်သောတပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊

တမန္တော္ဝထ္ထု 2:1-4

ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်းစည်းဝေး၍နေကြ၏ ထိုအခါ လေပြင်းမုန်တိုင်းကဲ့သို့သောအသံသည်တခဏခြင်းတွင် ကောင်းကင်မှလာ၍၊ ထိုသူတို့ နေ ထိုင်သောအိမ်ကိုဖြည့်လေ၏။ ထိုခဏခြင်းတွင်ကွဲပြားသော လျှာတို့သည်မီးလျှာကဲ့သို့ထင်ရှား၍၊ ထိုသူအသီးသီးတို့အပေါ်၌ တည် နေကြ၏။ ထိုသူအပေါင်းတို့သည်လည်းသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည်ဟောပြောသော အခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့်ဟောပြောကြ၏။

တမန္တော္ဝထ္ထု 2:41-47

ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။ ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။ လူအပေါင်းတို့သည်ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုကြ၏။ ယုံကြည်သော သူအပေါင်းတို့သည် တစုတဝေးတည်းနေကြသဖြင့်၊ မိမိတို့၌ရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြ၏။ မိမိတို့ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင်၊ လူများ ဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေဌခြင်းကို ပြုကြ၏။ ထိုသူတို့သည်လည်း ဗိမာန်တော်၌ နေ့တိုင်းအစဉ်တညီတညွတ်တည်းနေ၍၊ ကိုယ်အိမ်၌ မုန့်ကိုဖဲ့ လျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာအာဟာရကိုသုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက်နှာပွင့်လန်းခြင်း အခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်းနေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏။

တမန္တော္ဝထ္ထု 4:31-35

ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟော ပြောကြ၏။ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာတစုံ တခုကို ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊ တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။

တမန္တော္ဝထ္ထု 5:11-16

သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာ ကို ကြားရသော သူအပေါင်းတို့သည် အလွန်ကြောက် လန့်ခြင်းသို့ ရောက်ကြ၏။ တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုအရာများကိုပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှေလမုန်ကနားပြင်၌ တညီ တညွတ်တည်း နေကြသဖြင့်၊ ကြွင်းသော သူတစုံတယောက်မျှ မပေါင်းဘော် ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။ သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။ ပေတရုသည် လမ်း၌ရှောက်သွားစဉ်၊ အနာစွဲ သောသူတို့တွင် တယောက်ယောက်ကို သူ၏အရိပ် လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကိုလမ်းနား သို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာထားကြ၏။ ပတ်လည်ဝန်းကျင်၌ရှိသော မြို့သူရွာသား အပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသော သူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှ လင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်း လွတ်ခြင်းသို့ရောက်ကြ၏။

တမန္တော္ဝထ္ထု 5:42

ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း နေ့တိုင်းအစဉ် ဆုံးမသွန်သင် လျက်၊ ယေရှုသည်ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟော ပြောလျက်နေကြ၏။

တမန္တော္ဝထ္ထု 6:4

ငါတို့မူကား၊ ဆုတောင်းပဌနာပြခြင်း၊ နှုတ်က ပတ်တရားတော် ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။

တမန္တော္ဝထ္ထု 6:7-11

ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသ ဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွါး များ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။ သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုး တော်နှင့်၎င်း ပြည့်စုံသဖြင့်၊ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာပြုလေ၏။ ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိ ပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊ သူဟောပြော၍သုံးစွဲသောပညာနှင့် ဝိညာဉ်တော် ကို မခံမဆီးနိုင် ကြ။ ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊

တမန္တော္ဝထ္ထု 7:48-49

သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင် ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ် သို့သော ဗိမာန် ကိုငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ် ရာအရပ်ဖြစ်မည်နည်။

တမန္တော္ဝထ္ထု 8:1

ထိုအခါယေရုရှလင်မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူ အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြား ကြ၏။

တမန္တော္ဝထ္ထု 8:4-8

ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိ တရားကို ဟောပြောကြ၏။ ဖိလိပ္ပုသည်လည်း၊ ရှာမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။ လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ ၏။ အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏ အထဲမှ နတ်ဆိုး တို့သည် ပြင်းစွာသော အသံနှင့် အော်ဟစ်လျက်ထွက်သွားကြ၏။ ကိုယ်မ လှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ် သို့ရောက်ကြ၏။ ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက် ခြင်းရှိကြ၏။

တမန္တော္ဝထ္ထု 9:1-2

ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊ ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသတ်မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊

တမန္တော္ဝထ္ထု 9:3-9

သွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။ သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။ ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ၏။ ရှောလုသည်လည်းမြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။ သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက် ဘဲနေလေ၏။

တမန္တော္ဝထ္ထု 9:20-22

ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။ ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ သူကား၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။ ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။

တမန္တော္ဝထ္ထု 9:26-29

ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။ ထိုအခါဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အားမိန့်တော်မူသည်ဟ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်းပြောလေ၏။ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက် နေ၏။ ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။

တမန္တော္ဝထ္ထု 9:31

ထိုအခါယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌ ၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။

တမန္တော္ဝထ္ထု 10:42

ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသော သူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင်ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြ လော့ဟု ငါတို့အားပညတ်ထားတော်မူ၏။

တမန္တော္ဝထ္ထု 11:21

သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။

တမန္တော္ဝထ္ထု 11:26

ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။

တမန္တော္ဝထ္ထု 12:1-3

ထိုအခါဟေရုဒ်မင်းကြီးသည် သင်းဝင်သူ အချို့ တို့ကို ညှဉ်းဆဲ ခြင်းငှါစီရင်၍၊ ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကို ထား နှင့်ကွပ်မျက် လေ၏။ ယုဒလူတို့သည် အားရဝမ်းမြောက်ခြင်း ရှိသည် ကိုမြင်လျှင်၊ အဇုမပွဲနေ့ရက်တို့၌ တဖန်ထပ်၍၊

တမန္တော္ဝထ္ထု 12:5-7

ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။ ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့်အချိန် တွင် သံကြိုး နှစ်စင်းနှင့် ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌ အိပ်ပျော်၍၊ အစောင့် များ တို့သည် ထောင်တံခါးရှေ့မှာ စောင့်နေကြ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ပေါ်လာလျှင် ထောင်အိမ်၌ အလင်းထွန်းတောက် လေ၏။ ကောင်းကင်တမန်သည် ပေတရု၏ နံဖေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ ၏။ သံကြိုးသည်လည်း ပေတရုလက်မှကျွတ်လေ၏။

တမန္တော္ဝထ္ထု 13:42-46

လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား နောက်ဥပုသ်နေ့၌ ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ အစည်းအဝေးပျက်၍ ပြန်ကြသောအခါ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများ တို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည် မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ တမြို့လုံး ကုန်မ တတ်စည်းဝေးကြ၏။ ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ် နှင့်ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။ ထိုအခါပေါလုနှင့်ဗာနဗတို့က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုသင်တို့အား ရှေ့ဦးစွာ ဟော ပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရ အသက်ကိုမိမိတို့ မခံထိုက်သည်ဟု မိမိတို့စီ ရင်ကြ သောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍ တပါးအမျိုးသားတို့ ဆီသို့ လှည့်ကြ၏။

တမန္တော္ဝထ္ထု 14:1-3

ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက် တို့သည် ယုဒတရားစရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည် ခြင်းသို့ ရောက်ကြ၏။ မယုံကြည်သော ယုဒလူတို့သည် တပါးအမျိုး သားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှါ ချောစားကြ၏။ ထိုကြောင့်ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်းဟောပြောလေ၏။ သခင် ဘုရားသည်လည်း ကျေးဇူးတရား တော်ဘက်၌ သက်သေ ခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံဘွယ်သော အမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့် ပေးတော်မူ၏။

တမန္တော္ဝထ္ထု 14:23

အသင်းတော်များတို့၌ သင်းအုပ်တို့ကို ခန့်ထား၍၊ အစာရှောင်လျက်ဆုတောင်းပဌနာ ပြုပြီး လျှင်၊ သင်းဝင်သူတို့ယုံကြည်သော သခင်ဘုရား၏ လက်တော်သို့ ထိုအသင်းတော်တို့ကို အပ်နှံကြ၏။

တမန္တော္ဝထ္ထု 14:27

ထိုမြို့သို့ရောက်ပြီးလျှင် သင်းဝင်သူတို့ကို စုဝေးစေ၍၊ မိမိတို့အားဖြင့် ဘုရားသခင်သည် ပြုတော်မူသမျှ တို့ကို၎င်း၊ ယုံကြည်ခြင်း တံခါးကို တပါးအမျိုးသားတို့အား ဖွင့်တော်မူကြောင်းကို၎င်း ပြန်ကြား ကြ၏။

တမန္တော္ဝထ္ထု 16:25-26

သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။ ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။

တမန္တော္ဝထ္ထု 17:11-12

ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။ ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ၏။

တမန္တော္ဝထ္ထု 17:17

ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။

တမန္တော္ဝထ္ထု 18:4

ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွေး ဟောပြော၍၊ ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။

တမန္တော္ဝထ္ထု 18:26

ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။

တမန္တော္ဝထ္ထု 19:8-9

ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်း များကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်သဖြင့် ရဲရင့်စွာ ဟောပြောလေ၏။ အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှထွက်သွား၍ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊

တမန္တော္ဝထ္ထု 19:23

ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊

တမန္တော္ဝထ္ထု 20:20-21

သင်တို့အကျိုးတစုံတခုကိုမျှ ငါမထိမ်မဝှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌၎င်း၊ သင်တို့အားဟောပြော ဆုံးမဩဝါဒ ပေးသဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ နောင်တရခြင်းတရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်းအရာကို သင်တို့ သိကြ၏။

တမန္တော္ဝထ္ထု 20:28-31

ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ် အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။ အကြောင်းမူကား၊ ငါမရှိသည်နောက်၊ ကြမ်းတမ်းသော တောခွေးတို့သည် သိုးများကို မသနားဘဲ သင်တို့အထဲသို့ဝင်မည်ကို၎င်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကို၎င်း ငါသိ၏။ ထိုကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည်သုံးနှစ်ပတ် လုံးနေ့ညမပြတ်လူအပေါင်းတို့ကို မျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းကို အောက်မေ့ကြ လော့။

တမန္တော္ဝထ္ထု 22:4-5

ယောက်ျားမိန်းမတို့ကို ချည်နှောင်၍ ထောင်ထဲမှာ လှောင်ထားလျက် အသေသတ်ခြင်းသို့ တိုင်အောင်၊ ထိုဘာသာကိုညှဉ်းဆဲပါပြီ။ ထိုကဲ့သို့ပင်ယဇ်ပုရောဟိတ်မင်းမှစ၍ လူအကြီးအကဲအပေါင်းတို့သည်လည်း အကျွန်ုပ်သည် ညီအစ်ကိုတို့ထံသိမှာစာကို ခံပြီးမှ၊ ဒမာသက်မြို့၌ရှိသော ထိုဘာသာဝင်သူတို့ကို ဒဏ်ခံစေခြင်းငှါ ချည်နှောင်၍ ယေရုရှလင် မြို့သို့ပို့မည်ဟု ဒမာသက်မြို့သို့အကျွန်ုပ်သွားပါ၏။

တမန္တော္ဝထ္ထု 24:14

သို့သော်လည်း ဒိဌိအယူဟူ၍ သူတို့ခေါ်တတ် သော ဘာသာအတိုင်းအကျွန်ုပ်သည် မိစဉ်ဘဆက် ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေးထားသမျှတို့ကို အကျွန်ုပ်ယုံပါ၏။

တမန္တော္ဝထ္ထု 24:22

ဖေလဇ်မင်းကလည်း၊ စစ်သူကြီးလုသိ ရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်ဟု ထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင် ဘဲ သူတို့ကို လွှတ်လိုက်၏။

ရောမဩဝာဒစာ 1:1

လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊

ရောမဩဝာဒစာ 8:19

ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။

ရောမဩဝာဒစာ 10:14-15

သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။

ရောမဩဝာဒစာ 12:4-8

ဥပမာကား၊ ကိုယ်တခု၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုအင်္ဂါအများသည် ဆောင်ရွက်စရာအမှုတခု တည်း မရှိသကဲ့သို့၊ ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌တကိုယ်တည်းဖြစ်၍၊ အသီးအသီးအင်္ဂါချင်း ဖြစ်ကြ၏။ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများကိုခံရသည် ဖြစ်၍၊ ပရောဖက်အရာရှိလျှင်၊ ယုံကြည်ခြင်း၏ပမာဏကို ရသည်အတိုင်း ပရောဖက်ပြုကြကုန်အံ့။ ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။

ရောမဩဝာဒစာ 12:10

ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဘော်ကဲ့သို့ တယောက်ကိုတယောက်စုံမက်ကြလော့။ ချီးမွမ်း ခြင်းအရာမှာ၊ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။

ရောမဩဝာဒစာ 15:16

တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက်သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။

ရောမဩဝာဒစာ 16:1-5

ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့ နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။ သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည်များစွာသော သူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသောသူဖြစ်၏။ ငါနှင့်အတူယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့။ ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။ သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဘို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။

ရောမဩဝာဒစာ 16:16

အချင်းချင်းတယောက်ကို တယောက်သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 1:2

ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာ ပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 1:9-13

ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင် ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့ အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ် သဘောတသံတသမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့သခင်ယေရှုခရစ်၏ နာမတော် ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။ အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်း မသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။ သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။ ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။

ကောရိနသုဩဝာဒစာပဌမစောင္ 1:23

ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။

ကောရိနသုဩဝာဒစာပဌမစောင္ 2:1

ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့် သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။

ကောရိနသုဩဝာဒစာပဌမစောင္ 2:4-8

သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့် ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ၏။ သို့သော်လည်း၊ စုံလင်သော သူတို့အား ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက် တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ငါတို့သည်ပြသကြ၏။ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ။

ကောရိနသုဩဝာဒစာပဌမစောင္ 2:13

ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သောစကားနှင့် မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဝိညာဉ်နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့် ငါတို့သည် ဟောကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 3:6-9

ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကိုကြီးပွါးစေသော သူကား၊ ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသော သူလည်း မတတ်နိုင်။ ကြီးပွါးစေတော်မူသော ဘုရား သခင်သာလျှင် တတ်နိုင်တော်မူ၏။ သို့သော်လည်း၊ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ်၍၊ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။ ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သော သူချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ် တော်ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 3:10-11

ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။

ကောရိနသုဩဝာဒစာပဌမစောင္ 3:16-17

သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့် မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော် ဖြစ်ကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 4:1-2

ခရစ်တော်၏ အစေအပါ ကဲ့သို့၎င်း၊ ဘုရားသခင်၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုး ကဲ့သို့၎င်း၊ သူတပါးသည် ငါတို့ကို မှတ်ပါစေ။ ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။

ကောရိနသုဩဝာဒစာပဌမစောင္ 5:11-13

ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူ ခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား၍ ပညတ်၏။ ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။ ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့။

ကောရိနသုဩဝာဒစာပဌမစောင္ 6:19

အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။

ကောရိနသုဩဝာဒစာပဌမစောင္ 9:13-14

ဓမ္မကိစ္စအမှုကို ဆောင်ရွက်သော သူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော် ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့ မသိကြသလော။ ထိုနည်းတူ၊ ဧဝံဂေလိတရားကိုဟောသော သူတို့သည် ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည် အကြောင်း၊ သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 9:16

ငါသည်ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 9:18

သို့ဖြစ်၍ ငါ၏အကျိုးအဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ် စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌အကျိုးရှိ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 9:27

သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 10:16-21

ငါတို့သည် ကျေးဇူးတော်ကို ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်း ဖြစ်သည် မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကို ဆက်ဆံခြင်းဖြစ်သည် မဟုတ်လော။ မုန့်တလုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်း ဖြစ်သောထိုမုန့်ကို ဆက်ဆံလျက် ခံယူကြ သောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်းဖြစ်ကြ၏။ ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။ ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။ သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။

ကောရိနသုဩဝာဒစာပဌမစောင္ 11:1

ငါသည်ခရစ်တော်၏ နည်းတူကျင့်သကဲ့သို့ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။

ကောရိနသုဩဝာဒစာပဌမစောင္ 11:17-19

တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည် ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။ ပဌမ အကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။ ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သော သူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည်။

ကောရိနသုဩဝာဒစာပဌမစောင္ 11:26-30

အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကို သောက်သောအခါခါ၊ သခင်ဘုရားအသေခံ တော်မူခြင်းကို ကြွလာတော် မမူမှီတိုင်အောင် ပြကြ၏။ ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်း သောက်စေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက် သောသူသည် သခင်ဘုရား၏ ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။ ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 12:1

ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။

ကောရိနသုဩဝာဒစာပဌမစောင္ 12:4-11

ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ၏။ ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော် အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။ တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို၎င်း တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 12:12-13

ဥပမာကား၊ ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 12:14-27

ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊ ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။ နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့် မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ ဆိုသော ကြောင့် မစပ်ဆိုင်သည် မှန်သလော။ တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။ ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ်၌စီရင် ခန့်ထားတော်မူ၏။ ထိုမှတပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။ ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်း ရှိ၏။ မျက်စီက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။ အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။ တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။ တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။ ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။ သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။ သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 12:28-30

ဘုရားသခင်သည်ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယ အရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကို၎င်း၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။ သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော။ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်ကြသလော။

ကောရိနသုဩဝာဒစာပဌမစောင္ 14:3-5

ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ သက်သာခြင်းအလိုငှါ လူတို့အားဟောပြော၏။ အခြားသော ဘာသာစကားအားဖြင့် ပြောသောသူသည် ကိုယ်ကိုသာ တည်ဆောက်၏။ ပရောဖက် ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။ သင်တို့ရှိသမျှသည် အခြားသော ဘာသာစကားဖြင့် ပြောစေခြင်းငှါ ငါအလိုရှိ၏။ ပရောဖက်ပြုစေခြင်းငှါ သာ၍အလိုရှိ၏။ အကြောင်းမူကား၊ အခြားသော ဘာသာစကားဖြင့် ပြောသောသူသည်၊ အသင်းတော်ကို တည်ဆောက်ခြင်းငှါ အနက်ကို မဘော်မပြလျှင်၊ သူ့ထက်ပရောဖက် ပြုသောသူသည်သာ၍မြတ်သတည်း။

ကောရိနသုဩဝာဒစာပဌမစောင္ 14:19

သို့သော်လည်း၊ အသင်းတော်၌ အခြားသော ဘာသာစကားဖြင့် စကားတသောင်းကို ပြောနိုင်သည် ထက်၊ သူတပါးတို့ကို သွန်သင်ခြင်းငှါ စကားငါးခွန်းကို ဥာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို သာ၍အလိုရှိ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 14:22-25

သို့ဖြစ်၍ အခြားသော ဘာသာစကားတို့သည် ယုံကြည်သော သူတို့အား နိမိတ်လက္ခဏာဖြစ်သည် မဟုတ်။ မယုံကြည်သောသူတို့အား နိမိတ်လက္ခဏာ ဖြစ်သတည်း။ ပရောဖက်ပြုခြင်းအမှုမူကား၊ မယုံကြည် သော သူတို့အဘို့မဟုတ်၊ ယုံကြည်သော သူတို့အဘို့ ဖြစ်သတည်း။ ထိုကြောင့် သင်းဝင်သူအပေါင်းတို့သည် စည်းဝေး၍ အခြားသော ဘာသာဖြင့် ဟောပြောလျက် နေကြစဉ်တွင် မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်တို့ကို သူရူးဖြစ်ကြသည်ဟု ပြောမည် မဟုတ်လော။ သို့မဟုတ် သင်းဝင်သူ အပေါင်းတို့သည် ပရောဖက်ပြု၍ နေကြစဉ်တွင်၊ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ သင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကို ဘော်ပြ၍ သူ့ကို စစ်ကြောစီရင် ကြ၏။ ထိုသို့သူ၏ စိတ်နှလုံး၌ မထင်ရှားသောအရာတို့သည် ထင်ရှားပြန်၍ သူသည် ပြပ်ဝပ်လျက်၊ ဘုရား သခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့တွင် အမှန်ရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။

ကောရိနသုဩဝာဒစာပဌမစောင္ 14:26-33

ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကိုရသောသူ၊ အနက်ဘော်ပြရာ ကိုရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်း သောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှါ စီရင်ကြ လော့။ အခြားသော ဘာသာစကားဖြင့် ဟောပြော သော သူရှိလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးဆိုသော် သုံးယောက်ဖြစ်စေ၊ တယောက်နောက်တယောက် ပြော၍ တယောက်သောသူသည် အနက်ကိုဘော်ပြစေ။ စကားပြန်မရှိလျှင်၊ ဟောပြောသောသူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ မိမိအား၎င်း၊ ဘုရား သခင်အား၎င်း ပြောစေ။ ပရောဖက်နှစ်ယောက်ဖြစ်စေ၊ သုံးယောက် ဖြစ်စေ၊ ဟောပြော၍ အခြားသော သူတို့သည် စစ်ကြော ဆင်ခြင်ကြစေ။ ထိုင်လျက်နေသောသူအား တစုံတခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ဟောပြောသောသူသည် တိတ်ဆိတ် စွာနေစေ။ အကြောင်းမူကား၊ ရှိသမျှတို့သည် သင်ခြင်းငှါ၎င်း၊ ရှိသမျှတို့သည် သက်သာခြင်းငှါ၎င်း၊ သင်တို့ အသီးအသီး တယောက်နောက် တယောက်ပရောဖက် ပြုရသော အခွင့်ရှိကြ၏။ ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။ ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်မမူ။ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်း တို့၌ ဖြစ်သကဲ့သို့ အသင့်အတင့် ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏။

ကောရိနသုဩဝာဒစာပဌမစောင္ 14:34-38

သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသော အခွင့်မရှိကြ။ ပညတ်တရားစီရင်သည်အတိုင်း သူတို့ သည် ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံရကြမည်။ မိန်းမတို့သည် တစုံတခုကိုသင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်း တော်၌ ဟောပြောလျှင် ရှက်ဘွယ်သော အကြောင်း ဖြစ်၏။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်သည် သင်တို့မှ ထွက်သလော။ သို့မဟုတ် သင်တို့သို့သာ ရောက်သလော။ ငါသည်သင်တို့အား ရေး၍ပေးလိုက်သော စကားတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း ကို၊ ပရောဖက်ဖြစ်သောသူ၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသူမည်သည်ကား ဝန်ခံပါစေ။ တစုံတယောက် သော သူသည် မသိလျှင် မသိဘဲနေစေ။ အချုပ်အခြာဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် ပရောဖက် ပြုခြင်းငှါ အလွန်အလိုရှိကြလော့။

ကောရိနသုဩဝာဒစာပဌမစောင္ 14:39-40

အခြားသော ဘာသာစကားဖြင့် ဟောပြောခြင်း အမှုတို့ကိုလည်း မမြစ်တားကြနှင့်။ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။

ကောရိနသုဩဝာဒစာပဌမစောင္ 15:9

ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။

ကောရိနသုဩဝာဒစာပဌမစောင္ 15:33

အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။

ကောရိနသုဩဝာဒစာပဌမစောင္ 16:20

ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။

ကောရိနသုဩဝာဒစာဒုတိယစောင္ 2:17

ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 3:5-6

သို့ရာတွင် ငါတို့သည်ကိုယ်တန်ခိုးကိုအမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကိုကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုအမှီပြု၍သာ တတ်နိုင်သည်နှင့်အညီ၊ ပဋိညာဉ်တရားသစ်၏ ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော် မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကိုဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 4:2

ဆိတ်ကွယ်ရာအရပ်၌ပြုသော ရှက်ဘွယ်သော အမှုများကိုပယ်ကြ၏။ ပရိယာယ်ကိုမသုံး၊ ဘုရားသခင် နှုတ်ကပတ်တရားတော်ကို တိမ်ဝှက်မှောက်လှန်ခြင်းမရှိ။ သမ္မာတရားကိုအတည့်အလင်း ဘော်ပြ၍၊ ဘုရား သခင့်ရှေ့တော်၌ လူအပေါင်းတို့၏ စိတ်အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 4:5

ငါတို့သည်ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ ငါတို့သည်ယေရှုအတွက် သင်တို့၏ ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 5:1

ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့ သိကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 5:20

ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿ ဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 6:1

သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 6:4

ညှင်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း၊

ကောရိနသုဩဝာဒစာဒုတိယစောင္ 6:16-17

ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူ သည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။

ကောရိနသုဩဝာဒစာဒုတိယစောင္ 8:4

သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့် ကူညီလျက်၊ သန့်ရှငိးသူတို့အားလုပ်ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်း သွေးဆောင်သော စကားများအားဖြင့် ငါတို့ကို တောင်းပန် ကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 8:23-24

တိတုသည်အဘယ်သို့သောသူနည်းဟု တစုံတယောက်မေးလျှင်ငါ၏အပေါင်းအဘော်ဖြစ်၏။ သင်တို့ အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသော ညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူ နည်းဟုမေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ဘုန်းအသရေလည်း ဖြစ်ကြ၏။ ထိုကြောင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို၎င်း၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို၎င်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။

ကောရိနသုဩဝာဒစာဒုတိယစောင္ 11:12-13

အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာ ဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာတမန်တော်ဖြစ်ကြ၏။ ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင် လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။

ကောရိနသုဩဝာဒစာဒုတိယစောင္ 12:12

အကယ်စင်စစ်သည်းခံခြင်းနှင့်တကွ နိမိတ်လက္ခဏာအံဘွယ်သောအမှု၊ ထူးဆန်းသော တန်ခိုးများ အားဖြင့် တမန်တော်၏လက္ခဏာတို့ကို သင်တို့တွင် ထင်ရှားစွာပြပြီ။

ကောရိနသုဩဝာဒစာဒုတိယစောင္ 13:12-14

အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။

ဂလာတိဩဝာဒစာ 1:8-10

သို့သော်လည်း၊ သင်တို့အားငါဟောပြောသော ဧဝံဂေလိတရားမှတပါး အခြားသောဧဝံဂေလိတရားကို ငါတို့သည် ဟောပြောသော်၎င်း၊ ကောင်းကင်ဘုံမှလာသော ကောင်းကင်တမန်ဟောပြောသော်၎င်း၊ ဟောပြော သောသူသည် ကျိန်တော်မူခြင်းကိုခံစေ။ တဖန်တုံ၊ သင်တို့ခံယူပြီးသော ဧဝံဂေလိတရားမှတပါး အခြားသော ဧဝံဂေလိတရားကို တစုံ တယောက်သောသူဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါတို့ဆိုခဲ့ပြီးသည်အတိုင်း ယခုငါထပ်၍ဆိုသေး၏။ အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှါ ရှာကြသလော။ လူတို့စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန်မဟုတ်ပြီ။

ဂလာတိဩဝာဒစာ 6:1-3

ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစုံတခုသော ဒုစရိုက်ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရ သောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့ နူးညံ့သောသဘောနှင့် ထိုသို့သောသူကို မစ၍၊ သူ၏ နေရာ၌တည်မြဲ တည်စေပြန်ကြလော့။ ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြလော့။ အကြင်သူသည်ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်ဟုစိတ်ထင်လျှင်၊ ထိုသူသည် ကိုယ်ကို လှည့်ဖြားသောသူဖြစ်၏။

ဂလာတိဩဝာဒစာ 6:10

ထိုကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏ အိမ်သူအိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။

ဧဖက္ဩဝာဒစာ 1:22-23

ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်တော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။

ဧဖက္ဩဝာဒစာ 2:19-22

ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။

ဧဖက္ဩဝာဒစာ 3:5-10

ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။ ထိုနက်နဲသောအရာဟူကား၊ တပါးအမျိုးသားတို့သည် ဧဝံဂလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တလုံးတဝတကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောဂတိတော်ကို ဆက်ဆံကြရသတည်း။ တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသောဆရာ၏ အဖြစ်သို့ ငါရောက်ရပြီ။ စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသော သူထက်သာ၍ ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊

ဧဖက္ဩဝာဒစာ 3:21

ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ဧဖက္ဩဝာဒစာ 4:1-6

ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။ အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တယောက်ကို တယောက်သည်းခံခြင်းရှိကြ၍၊ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြား မနားတလုံးတဝတည်းဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့။ သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ ဗတ္တိဇံတပါး၊ ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။

ဧဖက္ဩဝာဒစာ 4:11-16

ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊ သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။ အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည်နောက်တဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊ မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသောခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။ ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှါ ကြီးပွားစေတတ်၏။

ဧဖက္ဩဝာဒစာ 5:19-21

ဆာလံသီချင်းမှစသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍သီချင်း ဆိုကြလော့။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တယောက်အောက်တယောက်ကိုယ်ကို နှိမ့်ချလျက် နေကြလော့။

ဧဖက္ဩဝာဒစာ 5:23-27

အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျား သည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှါ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။

ဧဖက္ဩဝာဒစာ 5:29-32

ကိုယ်အသားကို မုန်းသောသူတယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူ သကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။ အကယ်စင်စစ်ငါတို့သည် သခင်ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ ထိုအကြောင်းအကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော် ကိုရည်မှတ်၍ဆိုသတည်း။

ဖိလိပ္ပိဩဝာဒစာ 2:1-4

ထိုကြောင့်ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိဿ ဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစုံတခုရှိလျှင်၊ သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်းရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။ ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြ နှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တယောက်ကိုတယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။

ဖိလိပ္ပိဩဝာဒစာ 3:17

ညီအစ်ကိုတို့၊ ငါကျင့်သည်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။

ဖိလိပ္ပိဩဝာဒစာ 4:3

အချင်း ငါ့လုပ်ဘော်ဆောင်ဘက်စစ်၊ သင်တို့ကိုလည်း ငါတောင်းပန်၏။ ငါနှင့်ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသောငါ၏လုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ၊ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစ ထောက်ပံ့ပါလော့။

ကောလောသဲဩဝာဒစာ 1:18

အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍၊ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။

ကောလောသဲဩဝာဒစာ 1:24-25

ငါပေါလုသည် ထိုတရားကို ဟောသောဆရာဖြစ်သည်နှင့် သင်တို့အဘို့အလိုငှါ ဆင်းရဲခံခြင်း၌ ယခု ဝမ်းမြောက်၍၊ ခရစ်တော်၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့ အလိုငှါ ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏။ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဘော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊

ကောလောသဲဩဝာဒစာ 2:19

ဦးခေါင်းတော်မှ တကိုယ်လုံးသည် အဆစ်အပိုင်း အထုံးအဖွဲ့များအားဖြင့်၊ အားဖြည့်၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကြီးပွါးတတ်၏။

ကောလောသဲဩဝာဒစာ 3:12-16

ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူ ကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင် ကြလော့။ တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။ ထိုသို့အလိုငှါ သင်တို့သည် တလုံး တကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာ အမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာ တည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 2:4-9

ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင်လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။ ထိုမှတပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊ သင်တို့တွင် ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေး ပြုစုသကဲ့သို့၊ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။ ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ငါတို့သည် နေ့ညဉ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:9

ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ်ကြ၏။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 5:11-14

ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။ ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင် အမှုတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရား၊ အခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်း အမှုကိုပြုသောသူတို့ကို သိမှတ်၍၊ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့် အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။ အချင်းချင်းအသင့်အတင့်နေကြလော့။ တဖန်တုံ၊ ညီအစ်ကိုတို့၊ မတရားစွာပြုသောသူတို့ကို သတိပေးကြလော့။ စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသော သူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိ စေကြလော့။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 1:4-5

သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 3:6

တနည်းကား၊ ညီအစ်ကိုတို့၊ ငါတို့ထံ၌ခံသော နည်းဥပဒေသအတိုင်း မကျင့်ဘဲ၊ မတရားစွာပြုသော ညီအစ်ကိုရှိသမျှတို့ကို ရှောင်ကြလော့ဟု ငါတို့သခင် ယေရှုခရစ်၏ နာမတော်အားဖြင့် ငါတို့သည် ပညတ်ထား ကြ၏။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 3:14-15

ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို တစုံတယောက်သောသူသည် နားမထောင်ဘဲ နေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဘော်မလုပ်ကြနှင့်။ သို့သော်လည်း၊ ရန်သူကဲ့သို့မမှတ်၊ ညီအစ်ကို ကဲ့သို့မှတ်၍ သတိပေးကြလော့။

တိမောသေဩဝာဒစာပဌမစောင္ 1:6-7

ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။ အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။

တိမောသေဩဝာဒစာပဌမစောင္ 2:7-8

ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်ဟု ငါဆိုသော်၊ မုသားစကားကိုမဆို၊ မှန်သောစကားကိုဆို၏။ သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက် ကိုချီ၍ ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏။

တိမောသေဩဝာဒစာပဌမစောင္ 2:9-14

ထိုနည်းတူ၊ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲအဘိုးထိုက်သော အဝတ်နှင့် ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့်၊ လျောက်ပတ်သော အဝတ်နှင့်၎င်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၎င်း၊ ကိုယ်ကို တန်ဆာဆင်စေခြင်းငှါ ငါအလိုရှိ၏။ မိန်းမသည်အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ။ မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း အခွင့်ကိုငါမပေး။ သူသည် တိတ် ဆိတ်စွာ နေအပ်၏။ အကြောင်းမူကား၊ အာဒံကို ရှေ့ဦးစွာ ဖန်ဆင်းတော်မူ၍၊ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏။ ထိုမှတပါး၊ အာဒံသည်လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖြားခြင်းကိုခံ၍ လွန်ကျူး၏။

တိမောသေဩဝာဒစာပဌမစောင္ 3:1-7

သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟုသော စကားသည် မှန်သောစကားဖြစ်၏။ ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။ စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သော စီးပွါးကိုတပ်မက်ခြင်းမရှိ၊ စိတ် ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။ မိမိအိမ်ကိုကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။ မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ် ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဘမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူဘို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။

တိမောသေဩဝာဒစာပဌမစောင္ 3:8-13

ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွါးကို တပ်မက်သောသူ မဖြစ်ရကြ။ ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။ သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။ ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာ သတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူဖြစ်ရကြမည်။ သင်းထောက်သည် မယားတယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။ အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဘို့ ကောင်းသောအရာကို၎င်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကို၎င်း အမြတ်ရကြ၏။

တိမောသေဩဝာဒစာပဌမစောင္ 3:15

ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။

တိမောသေဩဝာဒစာပဌမစောင္ 4:1

ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊

တိမောသေဩဝာဒစာပဌမစောင္ 4:6-7

ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊ ကိုယ်တိုင် ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ်၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည်။ မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်း အားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။

တိမောသေဩဝာဒစာပဌမစောင္ 4:11-16

ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့။ သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူ ခြင်း၊ သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။ ငါမလာမှီတိုင်အောင်၊ ကျမ်းစာကိုဘတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။ ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူး ကို မပြုစုဘဲမနေနှင့်။ သင်၏တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ။ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။ ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမဩဝါဒကို၎င်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သောသူတို့ကို၎င်းကယ်တင်လိမ့်မည်။

တိမောသေဩဝာဒစာပဌမစောင္ 5:17-22

ကောင်းမွန်စွာ အုပ်သောသင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်းအမှုကို ကြိုးစားအားထုတ်သောသူတို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။ အကြောင်းမူကား၊ စပါးနင်းနယ်သောနွား၏ နှုတ်ကိုမချုပ်တည်းရဟုကျမ်းစာလာ၏။ တချက်ကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေးသည်ဟု လာပြန်၏။ သက်သေခံနှစ်ဦးသုံးဦးမရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။ ကြွင်းသောသူတို့သည် ကြောက်စေခြင်းငှါ အပြစ်ရှိသော သူတို့ကို လူအပေါင်းတို့ရှေ့မှာ အပြစ်တင် ဆုံးမလော့။ ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမပြုဘဲ၊ ဤပညတ်များကို စောင့်ရှောက်မည် အကြောင်း၊ ဘုရားသခင်နှင့် သခင်ယေရှုခရစ်မှာ၎င်း၊ ရွေးကောက်တော်မူသော ကောင်းကင်တမန်တို့ ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေး၏။ အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆောမတင်နှင့်။ သူတပါးအပြစ်၌ မဆက်ဆံနှင့်။ ကိုယ်ကိုကိုယ် စင်ကြယ်စေလော့။

တိမောသေဩဝာဒစာပဌမစောင္ 6:3

ခြားနားသောဩဝါဒကိုသင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို၎င်း ဝန်မခံသောသူ မည်သည်ကား၊

တိမောသေဩဝာဒစာဒုတိယစောင္ 1:11-12

ထိုတရားကို ဟောပြောသောသူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊ တပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ကိုခန့်ထားတော်မူပြီ၊ ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။

တိမောသေဩဝာဒစာဒုတိယစောင္ 2:2-3

သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။ ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့၊

တိမောသေဩဝာဒစာဒုတိယစောင္ 2:15-19

သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။ သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။ သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။ သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။

တိမောသေဩဝာဒစာဒုတိယစောင္ 2:23-26

မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊ မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။

တိမောသေဩဝာဒစာဒုတိယစောင္ 3:16-17

ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။

တိမောသေဩဝာဒစာဒုတိယစောင္ 4:1-5

ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊ နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။ အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။

တိတုဩဝာဒစာ 1:5-9

ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း၊ ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍၊ မြို့ရွာ များ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ၊ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတယောက်တည်းရှိသောသူဖြစ်လျှင်၎င်း၊ သူ၏သားသမီး တို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့် လွတ်၍ ယုံကြည်လျှင်၎င်း၊ ထိုသို့ သောသူကို ခန့်ထားအပ်၏။ အကြောင်းမူကား၊ သင်းအုပ်သည် ဘုရားသခင်၏ ဘဏ္ဍာစိုးကဲ့သို့၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သူဖြစ်ရမည်။ ကိုယ်အလိုသို့ လိုက်တတ်သောသူ၊ စိတ်တိုသောသူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူတပါးကို ရိုက်ပုတ်သောသူ၊ မစင်ကြယ်သောစီးပွါးကို တပ်မက်သောသူ မဖြစ်ရဘဲ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ သူတော်ကောင်းနှင့် အဆွေဖွဲ့သောသူ၊ ဣန္ဒြေစောင့်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ရှင်းသောသူ၊ ကာမဂုဏ်ကို ချုပ်တည်းသောသူဖြစ်ရမည်။ စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။

တိတုဩဝာဒစာ 2:15

ဤတရားစကားကိုဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနှင့်တကွပြုလော့။ အဘယ်သူမျှ သင့်ကိုမထီမဲ့မြင် မပြုစေနှင့်။

ဟေဗ္ရဲဩဝာဒစာ 2:12-14

သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။ တချက်ကား၊ ငါသည်ဘုရားသခင်ကို ကိုးစားမည်ဟု လာသတည်း။ တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏ဟု လာသတည်း။ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊ သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း၊

ဟေဗ္ရဲဩဝာဒစာ 3:6

ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည် လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။

ဟေဗ္ရဲဩဝာဒစာ 3:13

ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

ဟေဗ္ရဲဩဝာဒစာ 5:12-14

သင်တို့သည် ကာလကြာသောကြောင့် ဆရာအဖြစ်သို့ ရောက်သင့်သော်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတပါးထံ၌ တဖန်သင်ရသော အကြောင်းရှိသည် ဖြစ်၍၊ ကြေခဲသောအစာကို မသုံးဆောင်၊ နို့ကိုသာ သုံးဆောင်ရသောသူဖြစ်ကြ၏။ နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့် ဖြောင့်မတ်ခြင်းတရား၌ လေ့လာခြင်းမရှိ။ ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍ သိနိုင်သောဥာဏ်ပေးတတ်သော၊ အကြားအမြင်အတွေ့ အစမ်းများသော သူတည်းဟူသော၊ စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသော အစာအာဟာရကို သုံးဆောင်ရကြ၏။

ဟေဗ္ရဲဩဝာဒစာ 10:21

ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊

ဟေဗ္ရဲဩဝာဒစာ 10:24-25

ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။

ဟေဗ္ရဲဩဝာဒစာ 12:22-23

သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့၎င်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့၎င်း၊ ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့၎င်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင် တော်မူသော ဘုရားသခင်အထံတော်သို့၎င်း၊ စုံလင်ခြင်းသို့ရောက်သောသူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့၎င်း၊

ဟေဗ္ရဲဩဝာဒစာ 13:7

ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍၊ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။

ဟေဗ္ရဲဩဝာဒစာ 13:17-18

သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကိုခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှါစောင့်နေကြကုန်၏။ သင်တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်း ရှိ၍၊ သူတို့သည်စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။ ငါတို့အဘို့ဆုတောင်းကြလော့။ ငါတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကြည်လင်လျက်၊ အရာရာတို့၌ ကောင်းမွန်စွာကျင့်နေခြင်းငှါ အလိုရှိသောသူဖြစ်သည်ဟု စိတ်စွဲလမ်းခြင်းရှိကြ၏။

ရ္ဟင္ယာကုပ္ဩဝာဒစာ 2:2-5

ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊ တဘက်၌ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော။ ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။

ရ္ဟင္ယာကုပ္ဩဝာဒစာ 5:14-16

နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့ သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။ ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပဌနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထ မြောက်စေတော်မူမည်။ သူသည်အပြစ် ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။ အချင်းချင်းတယောက်နှင့်တယောက်၊ ကိုယ်အပြစ်ကို ဘော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည် အကြောင်း၊ အချင်းချင်းတို့အဘို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီး သောပဌနာ သည် အလွန်တန်ခိုးပါ၏။

ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 2:5-10

အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ၏။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။ သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ၏ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။ အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ၏။

ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 4:8-11

အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။ မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့။ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။ ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင် ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင် သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 4:17

ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း။

ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 5:1-5

သင်းအုပ်အရာ၌၎င်း၊ ခရစ်တော်၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သောသက်သေအရာ၌၎င်း ခန့်ထား သောသူ၊ ထင်ရှားစေတော်မူလတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည်၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ၏။ သိုတို့နှင့်အတူရှိသောဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။ ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကိုနားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။

ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 5:14

အချင်းချင်းတယောက်ကိုတယောက်မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့်ဆိုင်သော သင်တို့အပေါင်း၌ ငြိမ်သက်ခြင်းရှိစေသတည်း။ အာမင်။

ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 2:1-3

သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ် သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည်။ သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရသည် ပျက်စီးလိမ့်မည်။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည်။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ၍ မဖင့်မနွဲ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ်၍မပျော်။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 1:3

ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 1:7

ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 2:6

ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည်၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည်။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 2:19

ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 2:26-27

သင်တို့ကို လှည့်ဖြားသောသူတို့၏အကြောင်းကို ဤသို့ သင်တို့အား ငါရေး၍ပေးလိုက်၏။ သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြလော့။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 3:9-11

ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။ ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏ သားတို့နှင့် မာရ်နတ်၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိညီအစ်ကိုကိုမချစ်သောသူ မည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။ သင်တို့သည်ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကို သတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 3:14

ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့်၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ၏။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌တည်၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 3:16-18

ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက်၍၊ မေတ္တာတော်ကို သိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ၏။ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း။ ချစ်သားတို့၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 4:1

ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။

ရ္ဟင္ယောဟန္ဩဝာဒစာဒုတိယစောင္ 1:9-11

ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော် ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။

ရ္ဟင္ယောဟန္ဩဝာဒစာတတိယစောင္ 1:9-11

အသင်းတော်ထံသို့မှာစာကို ငါရေး၍ ပေးလိုက်လေပြီ။ သို့သော်လည်း၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး။ ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည်။ ထိုသူ သည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲကနှင်ထုတ်တတ်၏။ အချင်းချစ်သူ၊ မကောင်းသောနည်းကို မလိုက်နှင့်၊ ကောင်းသောနည်းကိုသာလိုက်လော့။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား၊ ဘုရားသခင်ကို မသိမမြင်ရပြီ။

ဗ္ယာဒိတ္က္ယမ္း 1:4

ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က၎င်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက၎င်း၊

ဗ္ယာဒိတ္က္ယမ္း 1:20

ငါ့လက်ျာလက်၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ၏။

ဗ္ယာဒိတ္က္ယမ္း 2:1-7

ဧဖက်မြို့၌ရှိသော အသင်းတော်၏တမန်ကို ဤသို့ ရေး၍မှာ လိုက်လော့။ လက်ျာလက်၌ ကြယ်ခုနစ် လုံးကိုကိုင်၍၊ ရွှေမီးခွက်ခုနစ် လုံးအလယ်၌ သွားလာသောသူ၏အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။ သင်သည်မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော်မဟုတ်ဘဲ၊ တမန်တော်ဖြစ် ယောင်ဆောင်သောသူတို့ကို စစ်ဆေး၍ လှည့်ဖြားသော သူဖြစ်သည်ဟု သိကြောင်းကို၎င်း ၊ ခန္တီနှင့်ပြည့်စုံ၍။ ငါ၏နာမကြောင့်ဆင်းရဲခံ၍ အားမလျော့ကြောင်းကို၎င်းငါသိ၏။ သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟုသင်၌ အပြစ်တင်စရာရှိ၏။ ထိုကြောင့်၊ သင်သည်မရွေ့လျော့မှီ ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့ ၊ နောင်တရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည်။ နောင်တမရလျှင်၊ သင်၏မီးခွက်ကိုနေရာမှရွှေ့မည်။ သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ၏။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။ အကြင်သူ သည်အောင်မြင်၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ ရှိသော အသက်ပင်၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည်။

ဗ္ယာဒိတ္က္ယမ္း 2:8-11

စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်းဟူသော၊ အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်း၊ ဆင်းရဲခြင်း ကိုငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ၏။ ယုဒလူဖြစ်ယောင် ဆောင်၍ ယုဒလူမှန်မဟုတ်၊ စာတန်၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ။

ဗ္ယာဒိတ္က္ယမ္း 2:12-17

ပေရဂံမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ထက်သောသန်လျက် ရှိသော သူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင်၏နေရာအရပ် ကို၎င်း ငါသိ၏။ စာတန်၏ နေရာအရပ်၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ၍ ငါ့ဘက်၌သက်သေခံရသောနေ့ရက်ကာလတွင်ပင်၊ သင်သည်ငါ၏နာမကို စွဲကိုင်၏။ ငါ၏ယုံကြည်ခြင်း တရားကို မစွန့်မပယ်။ သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ ၌ရှိကြသည်ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာရှိ၏။ ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင်၌ရှိကြ၏။ ထိုကြောင့်နောင်တရလော့။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏သန်လျက်နှင့် စစ်တိုက်မည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူမည်သည် ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏။ ဝှက်ထားသောမန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သောနာမသစ်ကို၎င်း ထိုသူအား ငါပေးမည်။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ။

ဗ္ယာဒိတ္က္ယမ္း 2:18-29

သွာတိရမြို့၌ ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့်၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်းကို၎င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ၍ များကြောင်းကို၎င်း ငါသိ၏။ သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။ နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ။ ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။ သူ၏သားသမီးတို့ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည်။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည်။ ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ၊ စာတန်၏ နက်နဲသောအရာဟုခေါ်ဝေါ် သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား၊ သင်တို့ သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့။ ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ်၌ ငါမတင်။ အကြင်သူသည်အောင်မြင်၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့်၏။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည် အခွင့်ပေးမည်။ ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။ မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။

ဗ္ယာဒိတ္က္ယမ္း 3:1-6

သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိ သော်လည်း သေလျက်နေသည်ကို ငါသိ၏။ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ။ ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။ သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး ၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည်။ အောင်မြင် သော သူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။ ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင် တမန်တော်တို့၌၎င်း သူ၏နာမကို ငါဝန်ခံမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည် ကား ကြားပါစေ။

ဗ္ယာဒိတ္က္ယမ္း 3:7-13

ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သော သူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။ သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်း မူကား၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။ ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ် ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ ၊ မုသာစကားကိုပြော သောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ၎င်း ငါပြုမည်။ သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကားကြားပါစေ။

ဗ္ယာဒိတ္က္ယမ္း 3:14-22

လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန် ကိုဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။ ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။ ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။ ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 7:15

ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။

ဗ္ယာဒိတ္က္ယမ္း 11:1

တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။

ဗ္ယာဒိတ္က္ယမ္း 11:19

တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။

ဗ္ယာဒိတ္က္ယမ္း 14:12

ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။

ဗ္ယာဒိတ္က္ယမ္း 15:8

ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။

ဗ္ယာဒိတ္က္ယမ္း 18:4

အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။

ဗ္ယာဒိတ္က္ယမ္း 18:20

ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 19:5-9

ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။ တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏။

ဗ္ယာဒိတ္က္ယမ္း 21:2-4

သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။

ဗ္ယာဒိတ္က္ယမ္း 21:9-14

နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့် သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာ ဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက် ၊ ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။ ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ပါး၏ နာမတို့ သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။

ဗ္ယာဒိတ္က္ယမ္း 21:22

မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူ ကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ် တော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 22:16

ငါယေရှုသည် အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ၊ ငါ၏ ကောင်း ကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်းဖြစ်၏။

Burmese - မြန်မာစာ - MY

BJB - Judson Burmese Bible - 1840

Public Domain OPEN
https://find.bible/bibles/MYABJB/
Languages are made available to you by www.ipedge.net