ကျမ်းရင်းဝင်အစဉ်အတိုင်း အခန်းငယ်တိုင်း– 177
ကမာၻဦးက်မ္း 2:24
“
ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
”
ကမာၻဦးက်မ္း 18:20-32
“
တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရ မြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ် လေးသောကြောင့်၊ ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေး ကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည် ဟု မိန့်တော်မူ၏။ ထိုသူတို့သည် ထိုအရပ်မှ မျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရား ရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။ ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သော သူတို့ကို၊ မတရားသော သူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ် ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော။ ထိုသို့ပြု၍ ဖြောင့်မတ်သော သူတို့ကို မတရား သော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင် ဝေးပါစေသတည်း။ ဖြောင့်မတ်သော သူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့် ဝေးပါစေသတည်း၊ မြေကြီးလုံးကို စီရင်တော်မူသော သခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု လျောက်ဆို၏။ ထာဝရဘုရားကလည်း၊ သောဒုမြို့၌ ဖြောင့်မတ် သောသူငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ် လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။ တဖန်အာဗြဟံက၊ အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကို ယခုလျှောက် မည်ဟု အားထုတ်ပါ၏။ ဖြောင့်မတ်သောသူ ငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌ လေးဆယ့်ငါးယောက်ကို ငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော် မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။ တဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ် လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။ တဖန်တုံ၊ အကျွန်ုပ်သည် ထာဝရဘုရားကို ယခု လျှောက်မည်ဟု အားထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက်ပါရစေဦး။ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
”
ကမာၻဦးက်မ္း 19:1-11
“
ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊ အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံးလမ်း၌ နေတော့မည်ဟု ဆိုသော်လည်း၊ ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတ လည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။ ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊ လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။ လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊ ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။ အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏။ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ၏။ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
”
ကမာၻဦးက်မ္း 19:12-17
“
ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့။ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။ လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိ သမက်တို့အား ထကြ၊ ဤအရပ်မှ ထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ၏။ မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊ သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့် နှင့် မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ၏။
”
ကမာၻဦးက်မ္း 19:24
“
ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
”
ကမာၻဦးက်မ္း 19:26
“
လောတ၏ မယားမူကား နောက်သို့ လှည့်ကြည့် ဆားတိုင်ဖြစ်လေ၏။
”
ကမာၻဦးက်မ္း 20:3
“
ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
”
ကမာၻဦးက်မ္း 34:2
“
ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
”
ကမာၻဦးက်မ္း 34:7
“
ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
”
ကမာၻဦးက်မ္း 34:26-27
“
ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။ မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
”
ကမာၻဦးက်မ္း 34:31
“
သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။
”
ကမာၻဦးက်မ္း 38:15-26
“
ယုဒသည် ထိုမိန်းမကိုမြင်သောအခါ၊ သူသည် မိမိမျက်နှာကိုဖုံး၍ နေသောကြောင့်၊ ပြည်တန်ဆာ ဖြစ်သည်ဟု ထင်မှတ်လျက်၊ လမ်းကိုလွှဲ၍ အနားသို့ချဉ်းပြီးလျှင်၊ သင့်ထံသို့ ငါဝင်ရသောအခွင့်ကိုပေးပါလော့ဟု ဆိုလေသော်၊ မိန်းမ က၊ သင်သည် ကျွန်မထံသို့ဝင်လိုသောငှါ အဘယ်ဆုကို ပေးမည်နည်းဟု မေးလျှင်၊ ယုဒက၊ ဆိတ်သငယ်ကိုပေးလိုက်မည်ဟု ဆိုလေ ၏။ မိန်းမကလည်း၊ မပေးလိုက်မှီ တစုံတခုသောအရာကို ပေါင်ထားမည်လောဟုမေးလျှင်၊ ယုဒက အဘယ်အရာကို ပေါင်စေချင်သနည်း ဟု ပြန်၍မေးလေသော်၊ မိန်းမက၊ သင်၏တံဆိပ်၊ စလွယ်၊ လက်စွဲတောင်ဝေးတို့ကို ပေါင်တော့ဟု ဆိုသည်အတိုင်း၊ ထိုဥစ္စာကိုအပ်၍ မိန်းမထံသို့ဝင်သဖြင့်၊ သူသည် ပဋိ သန္ဓေစွဲယူလေ၏။ ထိုနောက်မှ၊ မိန်းမသည် ထသွား၍ မျက်နှာဖုံးကို ချွတ်ပြီးလျှင်၊ မုတ်ဆိုးမအဝတ်ကို ဝတ်မြဲဝတ်ပြန်လေ၏။ ယုဒသည် မိန်းမ၌ပေါင်သောဥစ္စာကို ရွေးယူ ခြင်းငှါ၊ မိမိအဆွေအဒုလံအမျိုးသားတွင် ဆိတ်သငယ်ကို ပေးလိုက်၏။ အဒုလံအမျိုးသားသည် ထိုမိန်းမကို မတွေ့လျှင်၊ ဧနိမ်မြို့လမ်းနားမှာ ထိုင်နေသော ပြည် တန်ဆာမသည် အဘယ်မှာရှိသနည်းဟု ထိုအရပ်သား တို့ကို မေးလေသော်၊ အရပ်သားတို့က ဤအရပ်၌ ပြည်တန်ဆာမ မရှိဟုဆိုကြလျှင်၊ ယုဒထံသို့ ပြန်၍၊ ကျွန်ုပ်သည် ထိုမိန်းမကို ရှာ၍မတွေ့။ အရပ်သားတို့ကလည်း၊ ဤအရပ်၌ ပြည် တန်ဆာမ မရှိဟု ဆိုကြောင်းကို ပြောလေ၏။ ယုဒကလည်း၊ အရှက်မကွဲမည်အကြောင်း၊ ယူပါ လေစ။ ကြည့်ပါ။ ဤဆိတ်သငယ်ကို ကျွန်ုပ်ပေးလိုက်၍ သင်သည် မိန်းမကိုရှာ၍ မတွေ့ပါတကားဟုဆို၏။ ထိုနောက် သုံးလခန့်လွန်သည်ရှိသော်၊ သူတပါး က၊ သင်၏ချွေးမတာမာသည် ပြည်တန်ဆာလုပ်၍ မတရားသော မေထုန်ပြုသဖြင့် ကိုယ်ဝန်ဆောင်လျက် နေပြီတကားဟု ယုဒအားပြောဆိုလျှင်၊ ယုဒက သူ့ကို ထုတ်၍ မီးရှို့စေဟု စီရင်လေ၏။ ထုတ်သောအခါ၊ တာမာသည် တံဆိပ်၊ စလွယ်၊ တောင်ဝေးတို့ကို ယောက္ခမထံသို့ ပို့စေ၍၊ ဤဥစ္စာကို ပိုင်သောသူအားဖြင့် ကျွန်မသည် ပဌိသနေယှုပြီ။ ဤဥစ္စာတို့သည် အဘယ်သူ၏ ဥစ္စာဖြစ်သည်ကို ကြည့်ပါလော့ဟု မှာလိုက်၏။ ထိုဥစ္စာ ကိုယုဒမှတ်မိ၍ သူ အပြစ်ထက် ငါ့အပြစ်သာ၍ ကြီးပေ၏။ သူ့အား ငါ့သားရှေလကို ငါမပေးစားဘဲနေမိပြီဟု ပြောဆို၏။ နောက်တဖန် သူ့ကို မချဉ်းကပ်ဘဲနေ၏။
”
ကမာၻဦးက်မ္း 39:7-12
“
ထိုနောက်မှ သခင်၏မယားသည် ယောသပ်ကို တပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည် အိမ်တော်၌ရှိသမျှသော ဥစ္စာတို့ကို ကျွန်တော်လက်သို့ အပ်ပါပြီ။ ကျွန်တော်၌ အဘယ်ဥစ္စာရှိမှန်းကိုမျှ မသိ မမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ ကြီးသောသူမရှိပါ။ကိုယ်မယားဖြစ်သော သခင်မမှတပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယားကိုငြင်း၍ ပြန်ဆို၏။ ထိုသို့သခင်မသည် နေ့တိုင်းသွေးဆောင်သော် လည်း၊ ယောသပ်သည် သူ၏စကားကို နားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊ နေခြင်းအမှုကို ရှောင်လေ၏။ တနေ့သ၌ ယောသပ်သည် အမှုဆောင်ခြင်းငှါ အိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတယောက်မျှ မရှိ သောအခါ၊ သခင်မက ငါနှင့်အတူ အိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကို ကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိ အဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။
”
ကမာၻဦးက်မ္း 39:13-20
“
ထိုသို့သခင်မလက်၌ မိမိအဝတ်ကိုစွန့်၍ ပြင်သို့ ထွက်ပြေးသည်ကို သခင်မသိမြင်သောအခါ၊ အိမ်သားယောက်ျားတို့ကိုခေါ်၍၊ သင်တို့ ကြည့်ကြ။ ငါတို့၌ မရိုမသေပြုစေခြင်းငှါ ဤဟေဗြဲလူကို သခင်သွင်းထားပြီတကား။ သူသည် ငါနှင့်အတူ အိပ်ခြင်း ငှါ ဝင်လာ၍ ငါသည် ကျယ်သောအသံနှင့် အော်ဟစ်ရ၏။ ကျယ်ကျယ်အော်ဟစ်သံကို ကြားလျှင်၊ သူသည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးသည်ဟုဆိုပြီးလျှင်၊ သခင်ရောက်သည်တိုင်အောင် ထိုအဝတ်ကို မိမိ၌ထားလေ၏။ သခင်ရောက်သောအခါ၊ ကိုယ်တော်သွင်းထား သော ဟေဗြဲကျွန်သည် ကျွန်ုပ်ကိုမရိုမသေပြုခြင်းငှါ ဝင်လာပါ၏။ ကျွန်ုပ်သည် ကျယ်သောအသံနှင့် အော်ဟစ် သောအခါ၊ သူသည် မိမိအဝတ်ကို စွန့်၍ ပြင်သို့ ထွက်ပြေးပါသည်ဟူသော စကားဖြင့် ကြားပြောလေ၏။ ကိုယ်တော်၏ကျွန်သည် ကျွန်ုပ်၌ ဤသို့ပြုခဲ့ပြီဟု မယားပြောသောစကားကို သခင်ကြားလျှင်၊ ယောသပ်ကို အမျက်ထွက်၍၊ ခေါ်ပြီးမှ၊ ရှင်ဘုရင်ချုပ်ထားသော သူတို့နေရာ ထောင်ထဲမှာ လှောင်ထားသဖြင့်၊ ယောသပ်သည် ထောင် ထဲမှာ နေရ၏။
”
ထွက်မြောက်ရာကျမ်း 20:14
“
သူ့မယားကို မပြစ်မှားနှင့်။
”
ထွက်မြောက်ရာကျမ်း 20:17
“
ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ မယား၊ သူ၏ကျွန် ယောက်ျား မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာ တစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
”
ထွက်မြောက်ရာကျမ်း 22:19
“
တိရစ္ဆာန်နှင့်သင့်နေသော သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
”
ဝတ်ပြုရာကျမ်း 18:6-18
“
သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။ သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။ ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။ တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။ ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။ အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။ သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊ သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊ သား၏မယားတည်းဟူသော ချွေးမကို၎င်း၊ ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။ ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။ ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။
”
ဝတ်ပြုရာကျမ်း 18:19-23
“
ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။ ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။ သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။ မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။ ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။
”
ဝတ်ပြုရာကျမ်း 19:29
“
ကိုယ်သမီးကို ပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသော မေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့် ပြည့်လိမ့်မည်။
”
ဝတ်ပြုရာကျမ်း 20:10-16
“
သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။ ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။ ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။ မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
”
ဝတ်ပြုရာကျမ်း 20:17-21
“
ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။ ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။ အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။ အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။ ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
”
ဝတ်ပြုရာကျမ်း 21:7-9
“
သူသည် ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရား သခင်အဘို့ သန့်ရှင်း၏။ သင်၏ ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကို သန့်ရှင်းစေ၍၊ သူသည် သင့်အဘို့ သန့်ရှင်းရမည်။ သင်တို့ကို သန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။ ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာ ရောက်၏။ ထိုသူကို မီးရှို့ရမည်။
”
ဝတ်ပြုရာကျမ်း 21:14
“
မုတ်ဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဘက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဘက်ရမည်။
”
တောလည်ရာကျမ်း 5:12-13
“
လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊ မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊
”
တောလည်ရာကျမ်း 5:29
“
ဤရွှေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊
”
တောလည်ရာကျမ်း 25:6
“
ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
”
တရားဟောရာကျမ်း 5:18
“
သူ့မယားကိုမပြစ်မှားနှင့်။
”
တရားဟောရာကျမ်း 5:21
“
ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယားကို တပ်မက် သောစိတ် မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သော သူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သော သူ၏ဥစ္စာ တစုံတခုမျှ တပ်မက် လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
”
တရားဟောရာကျမ်း 22:5
“
မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။
”
တရားဟောရာကျမ်း 22:20-21
“
သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာ လက္ခဏာသက်သေ မရှိလျှင်၊ မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘ အိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
”
တရားဟောရာကျမ်း 22:22
“
လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။
”
တရားဟောရာကျမ်း 22:23-24
“
အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည်။
”
တရားဟောရာကျမ်း 22:25-27
“
အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော၌ တွေ့၍ အနိုင် အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။ သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။ အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍ သတ်သောအမှုနှင့်တူ၏။
”
တရားဟောရာကျမ်း 22:28-29
“
ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။
”
တရားဟောရာကျမ်း 22:30
“
လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏ မယားကို မသိမ်းရ။
”
တရားဟောရာကျမ်း 23:2
“
မျောက်မထား၍ ရသောသားသည် ထာဝရ ဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ဆယ် ဆက်မြောက်အောင် မဝင်ရ။
”
တရားဟောရာကျမ်း 23:17-18
“
ဣသရေလအမျိုးသမီးတို့တွင် ပြည်တန်ဆာ မရှိရ။ ဣသရေလအမျိုးသားတို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာမရှိရ။ ပြည်တန်ဆာလုပ်၍ ရသောငွေ၊ ခွေးကိုရောင်း ရသောငွေကို သစ္စာဂတိပြေစေခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ အိမ်တော်သို့ မသွင်းရ။ ထိုသို့ သောငွေကို စက်ဆုပ်ရွံရှာတော်မူ၏။
”
တရားဟောရာကျမ်း 27:20
“
အဘနှင့်သာဆိုင်သော အဘ၏ မယားနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
”
တရားဟောရာကျမ်း 27:21
“
တိရစ္ဆာန်တစုံတမျိုးနှင့် ပေါင်းဘော်သော သူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူ အပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
”
တရားဟောရာကျမ်း 27:22
“
အဘ၏ သမီး၊ အမိ၏ သမီးတည်းဟူသော မိမိအစ်မ နှမနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
”
တရားဟောရာကျမ်း 27:23
“
မယား၏ အမိနှင့် ပေါင်းဘော်သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟု ဝန်ခံရကြမည်။
”
တရားသူၾကီးမွတ္စာ 16:1
“
နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင်၍ နေ၏။
”
တရားသူၾကီးမွတ္စာ 19:1-2
“
ဣသရေလရှင်ဘုရင် မရှိသည်ကာလ၊ ဧဖရိမ်တောင်ခါးပန်း၌ တည်းခိုသော လေဝိလူတယောက် သည်၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ၏။ ထိုမိန်းမသည် လင်ကို ပြစ်မှား၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ၏။
”
တရားသူၾကီးမွတ္စာ 19:22-30
“
ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း၍ တံခါးကို ရိုက်ကြ၏။ အိမ်ရှင် လူအိုကိုလည်းခေါ်၍၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍၊ ထုတ်ခဲ့လော့ဟု ဆိုကြ၏။ အိမ်ရှင်သည်လည်း ထွက်၍၊ ညီအစ်ကိုတို့၊ ဆိုးသောအမှုကို မပြုပါနှင့်။ ဤသူသည် အကျွန်ုပ်အိမ်၌ တည်းခိုသောသူဖြစ်၍ အဓမ္မမပြုကြပါနှင့်။ အကျွန်ုပ်၌ သမီးကညာရှိပါ၏။ သူ၏မယားငယ်လည်း ရှိပါ၏။ သူတို့ကို ထုတ်၍ ပေးပါမည်။ သူတို့ကို ရှုတ်ချကြပါ။ အလိုရှိသည်အတိုင်း ပြုကြပါ။ ဤယောက်ျား၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း၊- သူတို့သည် နားမထောင်သောကြောင့်၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့်၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ၏။ အာရုဏ်တက်သောအခါ၊ မိန်းမသည် လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ၏။ နံနက်အချိန်ရောက်မှ သူ၏ သခင်သည် ထ၍ အိမ်တံခါးကို ဖွင့်သဖြင့်၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော်၊ ထလော့။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ၏။ မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ၏။ သိမြင်သောသူ အပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု၊ တခါမျှမဖြစ်စဖူး။ ဆင်ခြင်၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ၏။
”
တရားသူၾကီးမွတ္စာ 20:10-11
“
ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည်၊ ဣသရေလအမျိုးတို့၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက်၍ အပြစ်ဒဏ်ပေးမည်အကြောင်း၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့၌ လူတရာတွင် တဆယ်၊ တထောင်တွင်တရာ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက်၌ စည်းဝေး၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ၏။
”
ဓမၼရာဇဝင္ပဌမေစာင္ 2:22
“
ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊
”
ဓမၼရာဇဝင္ဒုတိယေစာင္ 11:2-5
“
နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။ ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။ တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊ ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
”
ဓမၼရာဇဝင္ဒုတိယေစာင္ 12:9-12
“
သင်သည်ထာဝရဘုရား၏ ပညတ်တရားတော်ကို မထီမဲ့မြင်ပြု၍ ရှေ့တော်၌ဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်း။ ဟိတ္တိလူ၊ ဥရိယ၏အသက်ကို ထားဖြင့်သတ်၍ သူ၏မယားကို သိမ်းလေပြီတကား။ ထိုသူကို အမ္မုန်အမျိုးသား ထားနှင့်သတ်လေပြီတကား။ ယခုမှာသင်သည် ငါ့ကို မထီမဲ့မြင်ပြု၍ ဟိတ္တိလူ၊ ဥရိယ၏မယားကို သိမ်းသောကြောင့်၊ သင့်အဆွေအမျိုးတို့သည် ထားဘေးနှင့်အစဉ် တွေ့ကြုံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၌ ရန်ဘက်ပြုသော သူကို သင်၏အဆွေအမျိုးတို့အထဲက ငါပေါ်စေမည်။ သင့်မျက်မှောက်တွင် သင်၏မယားတို့ကို ငါယူ၍ သင့်အိမ်နီးချင်း၌အပ်သဖြင့်၊ သူသည် နေရှေ့မှာ သင်၏မယားတို့နှင့် ပေါင်းဘော်လိမ့်မည်။ သင်သည် ဤအမှုကိုမထင်မရှားပြုသော်လည်း၊ နေရှေ့မှာ ငါလှန်ပြမည်ဟု ထာဝရဘုရားမိန့်တော် မူသော စကားကိုပြန်ကြားလေ၏။
”
ဓမၼရာဇဝင္ဒုတိယေစာင္ 13:11-14
“
ထိုသို့အာမနုန်စားစရာဘို့ ယူခဲ့သောအခါ၊ သူသည် နှမလက်ကို ဆွဲ၍၊ ငါ့နှမ၊ ငါနှင့်အိပ်ပါဟု ဆို၏။ တာမာကလည်းမပြုပါနှင့် ငါ့မောင်။ ငါ့ကိုမရှုတ်ချပါနှင့်။ ဣသရေလအမျိုး၌ ဤသို့သောအမှုကို မပြု သင့်၊ ဤအမှုဆိုးကို မပြုပါနှင့်။ ပြုလျှင်ငါသည် ရှက်ခြင်းနှင့် အဘယ်သို့ ကင်းလွတ်မည်နည်း။ သင်သည်လည်း ဣသရေလအမျိုး၌ လူမိုက်ကဲ့သို့ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ရှင်ဘုရင်ကို လျှောက်ပါလော့။ လျှောက်လျှင်မပေးစားဘဲ နေတော် မမူပါဟု ပြောဆိုသော်လည်း၊ အာမနုန်သည် နားမထောင်။ နှမထက်အားကြီးသဖြင့် အနိုင်ပြု၍ အိပ်လေ၏။
”
ဓမ္မရာဇဝင် တတိယစောင် 11:1-6
“
ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။ ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။ ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။ ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊ ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
”
ဓမ္မရာဇဝင် တတိယစောင် 14:24
“
ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဘွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည် တကား။
”
ဓမ္မရာဇဝင် တတိယစောင် 15:12
“
ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း၊ ဘိုးတော်ဘေးတော်လုပ်သော ရုပ်တုရှိသမျှ တို့ကို၎င်း၊ ပြည်တော်ထဲက ပယ်ရှားတော်မူ၏။
”
ဓမ္မရာဇဝင် တတိယစောင် 22:46
“
ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
”
ဓမၼရာဇဝင္စတုတၳေစာင္ 23:7
“
မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
”
ေယာဘဝတၱဳ 31:1
“
ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
”
သုတၱံက်မ္း 2:16-17
“
အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊ အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
”
သုတၱံက်မ္း 5:3-4
“
အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊ အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
”
သုတၱံက်မ္း 5:20
“
ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
”
သုတၱံက်မ္း 6:24-29
“
ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။ အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။ လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။ ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
”
သုတၱံက်မ္း 6:32
“
သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
”
သုတၱံက်မ္း 7:5-10
“
သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။ ငါ့အိမ်ပြတင်းရွက်ကြားမှ ငါကြည့်၍မြင်ရသော အမှုဟူမူကား၊ ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊ ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့ ရှောက်သွားသဖြင့်၊ မိုဃ်းချုပ်၍ ညဦးအချိန်၊ ညဉ့်နက်သော အချိန် ရောက်သောအခါ၊ ထိုမိန်းမနေရာ လမ်းသို့ လိုက်လေ၏။ ပြည်တန်ဆာ အဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
”
သုတၱံက်မ္း 7:21-27
“
ချစ်ဘွယ်သော စကားနှင့် ထိုသူကို သွေးဆောင် ချော့မော့တတ်သောနှုတ်ခမ်းနှင့်နိုင်သဖြင့်၊ နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊ ငှက်သည် မိမိအသက်ဆုံးစေခြင်းငှါ ထောင် မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့၎င်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ခြင်း လိုက်သွားတတ်၏။ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။ ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက် နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။ အကြောင်းမူကား၊ သူသည်စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။ သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။
”
သုတၱံက်မ္း 11:6
“
ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
”
သုတၱံက်မ္း 22:14
“
အမျိုးပျက်သော မိန်းမ၏နှုတ်သည် နက်သော မြေတွင်းဖြစ်၏။ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ သော သူသည်ထိုမြေတွင်းထဲသို့ ကျလိမ့်မည်။
”
သုတၱံက်မ္း 23:27-28
“
ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။ သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
”
သုတၱံက်မ္း 29:3
“
ပညာတရားကို နှစ်သက်သောသူသည် မိမိ အဘကို ဝမ်းမြောက်စေ၏။ ပြည်တန်ဆာတို့နှင့် ပေါင်း ဘော်သောသူမူကား၊ ဥစ္စာပြုန်းတီးတတ်၏။
”
သုတၱံက်မ္း 30:20
“
မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
”
ဒေသနာကျမ်း 7:26
“
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
”
ဟေရှာယအနာဂတ္တိကျမ်း 1:21
“
သစ္စာရှိသောမြို့သည် အဘယ်သို့မျောက် မထားပြန်သနည်း။ အထက်က ဖြောင့်မတ်စွာ စီရင်ခြင်း နှင့်ပြည့်၏။ တရားသည် သူ၏အထဲမှာ နေရာကျ၏။ ယခုမူကား၊ လူအသက်ကို သတ်သောသူတို့သည် နေရာ ကျကြ၏။
”
ဟေရှာယအနာဂတ္တိကျမ်း 57:3
“
စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။
”
ယေရမိအနာဂတ္တိကျမ်း 3:1-3
“
ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။ မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။ မိုဃ်းခေါင်၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း၊ သင်သည် ပြည်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ။
”
ယေရမိအနာဂတ္တိကျမ်း 3:6-8
“
ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။ သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။ ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
”
ယေရမိအနာဂတ္တိကျမ်း 3:20
“
အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
”
ယေရမိအနာဂတ္တိကျမ်း 5:7-8
“
ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။ ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။
”
ယေရမိအနာဂတ္တိကျမ်း 7:9
“
သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊
”
ယေရမိအနာဂတ္တိကျမ်း 13:27
“
သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
”
ယေရမိအနာဂတ္တိကျမ်း 23:14
“
ယေရုရှလင်မြို့သား ပရောဖက်တို့၌လည်း၊ စက်ဆုပ်ရွံရှာဘွယ်သောသဘောကို ငါမြင်ပြီ။ သူတို့သည် မတရားသော မေထုန်၌မှီဝဲလျက်၊ မုသာကိုလည်း သုံးလျက်၊ အဓမ္မပြုသောသူတို့ကို အားပေးတတ်သဖြင့်၊ အဘယ်သူမျှမိမိပြုသော အဓမ္မအမှုကို မစွန့်။ ထိုသူ ရှိသမျှတို့သည် ငါ၌ သောဒုံမြို့သားကဲ့သို့၎င်း၊ ယေရု ရှလင်မြို့သားတို့သည် ဂေါမောရမြို့သားကဲ့သို့၎င်း ဖြစ်ကြ၏။
”
ယေရမိအနာဂတ္တိကျမ်း 29:23
“
အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသာစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
”
ယေရမိမြည်တမ်းစကား 5:11
“
ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:15-17
“
သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။ သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ် လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။ ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:20-22
“
ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။ သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။ သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ် သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ် အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:25-29
“
သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။ ဆူဖြိုးသောသင်၏အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်ကျင် သင်၏ ရိက္ခာကို ဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။ သင်သည်ကိလေသာ စိတ်မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင်။ ထိုမှတပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင်။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:30-34
“
အစိုးတရပြု၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား။ သင်၏ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း၌ တည်၍၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ။ ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ ကိုယ်စား လက်ခံ၍မျောက်မထားသော မိန်းမနှင့်တူ၏။ ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။ သို့ဖြစ်၍၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ်။ သင်သည် အခကို ခမခံ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:35-38
“
သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်လော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် ၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သား သမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊ သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။ မျောက်မထားသောမိန်းမနှင့်၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။
”
ယေဇကျေလအနာဂတ္တိကျမ်း 16:41-43
“
သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။ ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။ သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။
”
ယေဇကျေလအနာဂတ္တိကျမ်း 22:9-11
“
သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။ သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။ သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
”
ယေဇကျေလအနာဂတ္တိကျမ်း 23:1-21
“
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မ နှစ်ယောက်ရှိ၏။ သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသော မေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏ သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။ အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဘွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍၎င်း၊ အဟောလိဗအမည်သည် ယေရုရှလင် ဟူ၍ ၎င်းဆိုလိုသတည်း။ အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။ မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက် ၏။ ထိုအာရှုရိလူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသော မေထုန်ကိုပြု၏။ တပ်မက်သော သူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့် သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသော မေထုန်ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။ ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိ လူတို့၌ သူ့ကိုငါ အပ်၍၊ သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏ သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကိုထားနှင့် ကွပ်မျက်ကြ ၏။ ထိုသို့အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။ ထိုအမှုကို ညီမအဟောလိဗသည် မြင်သော အခါ၊ အစ်မထက်သာ၍ တပ်မက်သော စိတ်ရှိသည်နှင့်၊ အစ်မတက်သာ၍ မတရားသောမေထုန်ကို ပြု၏။ တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဘွယ် သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။ ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မ လိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။ အထူးသဖြင့် မတရားသောမေထုန်ကို ပြုသော အကြောင်းအရာဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသော ပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဘွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အ သွင်ကိုဆောင်လျက်၊ အုတ်ထရံ၌ဟင်းသပြတားနှင့်ရေးသော ခါလဒဲ လူ၏ ရုပ်ပုံတို့ကို မြင်သောအခါ၊ တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကို စေလွှတ်လေ၏။ ဗာဗုလုန်မြို့သားတို့သည် သူနှင့်သံဝါသပြုရာခုတင်သို့လာ၍၊ မတရားသောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည် တိုင်အောင်ညစ်ညူးခြင်းကိုခံလေ၏။ ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှားဘော်ပြသောကြောင့်၊ ငါသည် သူအစ်မကိုရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။ အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။ မြည်အင်္ဂါနှင့်တူသော အင်္ဂါ၊ မြင်းသုတ်ရည်နှင့် တူသောသုတ်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက် လေသည်တကား။ သို့ဖြစ်၍၊ အိုအဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကို ရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ် နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသော အဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
”
ယေဇကျေလအနာဂတ္တိကျမ်း 23:27-30
“
ထိုသို့သင်သည် နောက်တဖန် မျှောမကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှါ၊ သင်ပြုသော အဓမ္မမေထုန်ကို ငါငြိမ်းစေမည်။ တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊ သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင် ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်းရှိ ရစ်စေကြလိမ့်ည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကို ပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။ သင်သည်တပါး အမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင် မည်။
”
ယေဇကျေလအနာဂတ္တိကျမ်း 23:35-39
“
သို့ဖြစ်၍၊ သင်သည် ငါ့ကို မေ့လျော့၍၊ သင့် ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့်မတရားသော မေထုန်အမှု၏ အပြစ်ကို ခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ တဖန်ထာဝရဘုရားသည် ငါ့အားမိန့်တော်မူ သည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို ဘော်ပြရမည်။ အကြောင်းမူကား၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့် ပင် မျောက်မထားကြပြီ။ ငါ့အဘို့ ဘွားမြင်သောသား တို့ကိုပင် ရုပ်တုစားစရာဘို့ မီးဖြင့်ပူဇော်ကြပြီ။ ထိုမှတပါး၊ ငါ၌ပြုသော အမှုဟူမူကား၊ ထိုနေ့ ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကိုရှုတ်ချကြပြီ။ ကိုယ်သားသမီးတို့ကိုရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ခြင်းတွင်ငါ၏ သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှါ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။
”
ယေဇကျေလအနာဂတ္တိကျမ်း 23:40-45
“
ထိုမှတပါး၊ သင်သည်တမန်တို့ကို စေလွှတ်၍၊ ဝေသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဘို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကို ပြုပြီးလျှင်၊ အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာ ပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။ ပျော်မွေ့လျက် နေသောလူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။အခြားသောသူအများတို့နှင့် အတူ တောကလာ၍၊ လက်၌လက်ကောက်၊ ခေါင်း၌ တင့်တယ်သော သရဖူကို ဆောင်းသော သေသောက် ကြူးတို့လည်း ပါကြ၏။ ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍မတရားသော မေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆိုသော်၊ ပြည်တန်ဆာမိန်းမရှိရာသို့ ယောက်ျား ဝင်တတ် သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗ ရှိရာသို့ ဝင်ကြ၏။ သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်မ၊ လူအသက်ကိုသတ်သော် မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြ လိမ့်မည်။
”
ယေဇကျေလအနာဂတ္တိကျမ်း 23:48-49
“
ထိုသို့အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှါ၊ သင်တို့ အဓမ္မအမှုကို တပြည်လုံး၌ ငါပယ်ရှင်းမည်။ လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏ အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့် ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရ ဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
”
ဟောရှေအနာဂတ္တိကျမ်း 1:2
“
သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်း မူကား၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း၊
”
ဟောရှေအနာဂတ္တိကျမ်း 2:2-5
“
သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။ မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။ သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။ သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
”
ဟောရှေအနာဂတ္တိကျမ်း 4:2
“
ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
”
ဟောရှေအနာဂတ္တိကျမ်း 4:12-14
“
ငါ့လူတို့သည် သစ်သားနှင့် တိုင်ပင်တတ်ကြ၏။ သူတို့၏တောင်ဝေးသည် အကြံပေးတတ်၏။ ကိလေသာ စိတ်အားကြီးသောကြောင့်၊ သူတို့သည် လမ်းလွှဲ၍ မိမိတို့ ဘုရားသခင့်ထံမှာ မနေ၊ မှားယွင်းတတ်ကြ၏။ တောင်ထိပ်ပေါ် ကုန်း ပေါ်မှာ၎င်း အရိပ်ကောင်းသောသပိတ်ပင်မျိုး၊ လိဗနော ပင် အောက်မှာ၎င်း၊ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထိုကြောင့်၊ သင်တို့သမီးတို့သည် ယောက်ျား နှင့် မှားယွင်း၍၊ ချွေးမတို့သည် မျောက်မထားတတ်ကြ၏။ သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ့်မယားကို စွန့်ပစ်၍ ပြည်တန်ဆာတို့နှင့် ပေါင်းဘော်တက်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တက်ကြ၏။ သို့ဖြစ်၍ ပညာမရှိသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။
”
ဟောရှေအနာဂတ္တိကျမ်း 5:3-4
“
ဧဖရိမျကို ငါသိ၏။ ဣသရေလသည်လည်းငါ့ရှေ့မှ ပုန်းရှောင်၍ မနေနိုင်။ ယခုပင် အိုဧဖရိမ်၊ သင်သည်မှားယွင်း၍ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။ သူတို့သည်ပြုမြဲပြုသောကြောင့်၊ သူတို့၏ဘုရားသခင့် ထံတော်သို့ပြန်၍ မလာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရားကိုမသိကြ။
”
ဟောရှေအနာဂတ္တိကျမ်း 9:1
“
အိုဣသရေလအမျိုး၊ တပါးအမျိုးသားကဲ့သို့ ဝမ်းမြောက်ရွှင်မြူးသော စိတ်ရှိ၍မခုန်နှင့်။ ကိုယ်ဘုရား သခင်၌ မဆည်းကပ်၊ အခြားသော ဘုရားနှင့် မှားယွင်း ပြီ။ ကောက်နယ်တလင်းရှိသမျှတို့၌ မှားယွင်းခကို နှစ် သက်တတ်၏။
”
ယောလအနာဂတ္တိကျမ်း 3:3
“
သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။
”
နာဟံုအနာဂတၱိက်မ္း 3:4
“
အဆင်းလှ၍ ပြုစားတတ်လျက်၊ မတရားသော မေထုန်အမှုနှင့် စုန်းမအတတ်အားဖြင့်၊ လူအမျိုးမျိုး အနွှယ်နွှယ်တို့ကို ကုန်သွယ်လုပ်တတ်သော ပြည်တန်ဆာ မိန်းမသည် မတရားသော မေထုန်ကို ပြုဖန်များပြား သောကြောင့်၊
”
မာလခိအနာဂတၱိက်မ္း 2:14-16
“
အဘယ်ကြောင့်နည်းဟု သင်တို့မေးလျှင်၊ သင့် အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တဖန် သစ္စာ မစောင့်၊ ပြစ်မှားသော မယားတဘက်နှင့် သင့်တဘက် ၌ ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ထိုမယား သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏ အဆွေခင်ပွန်း၊ သင်ဖွဲ့သော ပဋိညာဉ်နှင့်ဆိုင်သော မယားဖြစ်သတည်း။ တဦးတည်းသော်လည်း၊ ကိုယ်တော်၌ ဝိညာဉ် တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တဦးတည်း ကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သော မယားကို သစ္စာဖျက် မပြစ်မှားကြနှင့်။ မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှား သောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု၊ ဣသ ရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ထိုကြောင့်၊ ကိုယ်စိတ် သဘောကို ချုပ်တည်းကြလော့။ သစ္စာကို မပျက်ကြနှင့်။
”
မာလခိအနာဂတၱိက်မ္း 3:5
“
သင်တို့ကို စစ်ကြောစီရင်ခြင်းငှါ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန် သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှါးကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုတ်ဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သော သူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တဘက်၌ ငါသည် လျင် မြန်သော သက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။
”
ရ္ဟင္မသ္သဲခရစ္ဝင္ 5:27-28
“
သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။
”
ရ္ဟင္မသ္သဲခရစ္ဝင္ 5:32
“
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
”
ရ္ဟင္မသ္သဲခရစ္ဝင္ 15:19
“
မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊
”
ရ္ဟင္မသ္သဲခရစ္ဝင္ 19:9
“
ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
”
ရ္ဟင္မသ္သဲခရစ္ဝင္ 26:41
“
စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက်စောင့်နေကြလော့။ စိတ်ဝိညာဉ် ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊
”
ရ္ဟင္မာကုခရစ္ဝင္ 7:21-23
“
လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
”
ရ္ဟင္မာကုခရစ္ဝင္ 10:11-12
“
ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံထက်ခြင်းကိုပြ၏။ ထို သူသည် မိမိမယားကို ပြစ်မှား၏။ မိန်းမသည်လည်း မိမိလင်နှင့်ကွာ၍ အခြားသောယောက်ျားနှင့်စုံဘက်ခြင်းကိုပြုလျှင် မှားယွင်းခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။
”
ရ္ဟင္မာကုခရစ္ဝင္ 10:19
“
သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကိုမပြစ်မှားနှင့်။ လူအသက်ကို မသတ် နှင့်။ သူဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကိုမခံနှင့်။ သူ့ဥစ္စာကို မတရားသဖြင့်မသိမ်းနှင့်။ မိဘကို ရိုသေစွာ ပြုလော့ဟု မိန့်တော်မူလျှင်၊
”
ရ္ဟင္လုကာခရစ္ဝင္ 16:18
“
အကြင်သူသည် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်ခြင်းကိုပြု၏။ ထိုသူသည် မိမိမယား ကို ပြစ်မှား၏။ လင်ကွာသော မိန်းမနှင့်စုံဘက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
”
ရ္ဟင္လုကာခရစ္ဝင္ 18:20
“
သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊
”
ရ္ဟင္ယောဟန္ခရစ္ဝင္ 8:3-11
“
မှားယွင်းခြင်းအမှုကို ပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့ သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင် ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ၊ စုံစမ်းနှောက်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။ ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်း သောသူသည် ရှေးဦးစွာကျောက်ခဲနှင့်ပစ်စေဟု မိန့်တော်မူပြီးမှ၊ တဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊ ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှ စ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက်နောက်တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည်အလယ်၌ရပ်နေ၏။ ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကိုအဘယ်သူမျှမစီရင်လော ဟုမေးတော်မူ၏။ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်ဟု လျှောက်၏။ ငါသည်လည်းသင်၏အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။
”
တမန္တော္ဝထ္ထု 15:20
“
ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေးကို၎င်း ကြဉ်ရှောင် စေခြင်းငှါ သူတို့ကို မှာလိုက်သင့်သည်ဟု ငါသဘောရှိ၏။
”
တမန္တော္ဝထ္ထု 15:29
“
လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါးအခြားသော ဝန်သင်တို့၏ အပေါ်၌ တင်ခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည် အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာကြ ပါစေသောဟုရေး၍ ပေးလိုက်သတည်း။
”
တမန္တော္ဝထ္ထု 21:25
“
ယုံကြည်ခြင်းသို့ ရောက်သောတပါးအမျိုးသားတို့မူကား၊ ထိုသို့ သောတရားကိုမကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို ၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာ ကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ ကြားလိုက်ခဲ့ပြီဟုဆိုကြ၏။
”
ရောမဩဝာဒစာ 1:24-27
“
ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။ ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
”
ရောမဩဝာဒစာ 1:28-29
“
ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊ သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
”
ရောမဩဝာဒစာ 1:32
“
ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။
”
ရောမဩဝာဒစာ 6:12-13
“
ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။ သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။
”
ရောမဩဝာဒစာ 6:19
“
ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
”
ရောမဩဝာဒစာ 7:3-5
“
ထိုကြောင့်၊ မိမိလင်မသေမှီအခြားသော သူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏။ လင်လေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။ ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက် တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။ ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင် ကြ၏။
”
ရောမဩဝာဒစာ 7:23
“
သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။
”
ရောမဩဝာဒစာ 8:1-8
“
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်း နှင့် လွတ်ကြ၏။ ယေရှုခရစ်၌တည်၍ အသက်ရှင်စေသော ဝိညာဉ်တော်၏တရားသည် အပြစ်တရား၏ လက်မှ၎င်း၊ သေခြင်းတရား၏လက်မှ၎င်း၊ ငါ့ကိုကယ်လွှတ်ပြီ။ ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြု တော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဌာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ် တော်မူ၍၊ အပြစ်ဖြေဘို့ရာဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။ အကြောင်းမူကား၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သောငါတို့သည်၊ တရား၌ ပါသောပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။ ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သော အရာတို့ကိုစွဲလမ်းသော စိတ်သဘော ရှိကြ၏။ ဝိညာဉ်ပကတိရှိသော သူတို့မူကား၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။ ဇာတိပကတိစိတ်သဘောသည် သေခြင်းအကြောင်းဖြစ်၏။ ဝိညာဉ်ပကတိစိတ်သဘောသည် အသက်ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက်ခြင်းအကြောင်း ဖြစ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရးသခင်၏ တရားတော်အလို သို့မလိုက်တတ်။ ထိုမျှမကမလိုက်နိုင်။ ထိုကြောင့် ဇာတိပကတိ၌ ကျင်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။
”
ရောမဩဝာဒစာ 8:12-13
“
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပကတိအတိုင်းကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန် ဖြစ်ကြသည်မဟုတ်။ သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။
”
ရောမဩဝာဒစာ 12:1
“
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူ ဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။
”
ရောမဩဝာဒစာ 13:9
“
အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သော သက်သေကိုမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ် ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ၊ ချစ်လော့ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
”
ရောမဩဝာဒစာ 13:13-14
“
ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက်ကြူးခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူးခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်းအမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ကဲ့သို့ တင့်တယ်လျောက်ပတ်စွာ ကျင့်ဆောင် ပြုမူကြကုန်အံ့။ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှါ မကြံစည် ကြနှင့်။
”
ကောရိနသုဩဝာဒစာပဌမစောင္ 5:1
“
မတရားသောမေထုန်သာမညမဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန်၌မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။
”
ကောရိနသုဩဝာဒစာပဌမစောင္ 5:9-13
“
သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်ဩဝါဒ စာ၌ ငါရေးထားခဲ့ပြီ။ ထိုသို့ရေးထားသော်၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည်။ ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူ ခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား၍ ပညတ်၏။ ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။ ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့။
”
ကောရိနသုဩဝာဒစာပဌမစောင္ 6:9-11
“
မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော။ အလွဲမယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။ အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင်သခင်ယေရှု၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ် တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာ သို့ ရောက်ကြပြီ။
”
ကောရိနသုဩဝာဒစာပဌမစောင္ 6:13
“
အစားအသောက်တို့သည် ဝမ်းအဘို့၊ ဝမ်းသည်လည်း အစားအသောက်တို့ အဘို့ဖြစ်သည်မှန်စေတော့။ သို့သော်လည်း ဘုရားသခင်သည် ထိုနှစ်ပါးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် မတရားသော မေထုန် အဘို့ဖြစ်သည်မဟုတ်။ သခင်ဘုရားအဘို့ဖြစ်၏။ သခင် ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ၏။
”
ကောရိနသုဩဝာဒစာပဌမစောင္ 6:15-18
“
သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏ အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ် သလော။ မဖြစ်စေအပ်။ အဘယ်သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူ နှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။ သခင်ဘုရား၌မှီဝဲသော သူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။ မတရားသောမေထုန်ကိုကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက် ရှိသမျှတို့သည် ကိုယ်ပြင် ၌ရှိ၏။ မတရားသော မေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကိုပင်ပြစ်မှား၏။
”
ကောရိနသုဩဝာဒစာပဌမစောင္ 7:1-5
“
သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲ နေလျှင်၊ ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသော အခွင့်ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကိုခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ် တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသော အခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့။
”
ကောရိနသုဩဝာဒစာပဌမစောင္ 7:9
“
သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက် ထိမ်းမြား စုံဘက်ခြင်း ပြုသော် သာ၍ကောင်း၏။
”
ကောရိနသုဩဝာဒစာပဌမစောင္ 7:36
“
အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိထိမ်းမြားကြစေ။
”
ကောရိနသုဩဝာဒစာပဌမစောင္ 10:8
“
ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍ တနေ့ခြင်းတွင် လူနှစ်သောင်း သုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသော မေထုန်ကိုရှောင်ကြကုန်အံ့။
”
ကောရိနသုဩဝာဒစာပဌမစောင္ 10:12-13
“
ထိုကြောင့် အကြင်သူသည် မိမိတည်ကြည် လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။ လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့ မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေး တော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။
”
ကောရိနသုဩဝာဒစာဒုတိယစောင္ 5:10
“
အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
”
ကောရိနသုဩဝာဒစာဒုတိယစောင္ 7:1
“
ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
”
ကောရိနသုဩဝာဒစာဒုတိယစောင္ 12:21
“
အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူး ခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသော သူအများကြောင့် ငါစိတ်မသာညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။
”
ဂလာတိဩဝာဒစာ 5:16-21
“
ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ် ပကတိသည် တပါးနှင့်တပါးဆန့်ကျင်သော အလိုရှိကြ၏။ တပါးနှင့်တပါး ဆန့်ကျင်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သော အကျင့်ကို မကျင့်နိုင်ကြ။ သို့သော် ဝိညာဉ်ပကတိအလိုသို့ လိုက်လျှင် ပညတ်တရားနှင့် လွတ်ကြ၏။ ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။
”
ဂလာတိဩဝာဒစာ 5:24
“
ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများ ကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။
”
ဂလာတိဩဝာဒစာ 6:7-8
“
အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
”
ဧဖက္ဩဝာဒစာ 2:3
“
ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။
”
ဧဖက္ဩဝာဒစာ 4:19
“
ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။
”
ဧဖက္ဩဝာဒစာ 5:3-5
“
မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသော ကိလေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည်အတိုင်း၊ စကားဖြင့်မျှ မဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ယယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ညစ်ညူးစွာ ပြုသောသူ၊ ရုပ်တုကို ကိုင်ကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူ တစုံတယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရသည်ကို သင်တို့ သိကြ၏။
”
ကောလောသဲဩဝာဒစာ 3:5
“
ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ် သော တပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာ ရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။
”
သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:3-5
“
ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေ ခြင်းငှါ၎င်း၊ ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့မရှိ၊ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတက်စေခြင်း ငှါ၎င်း၊
”
သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:7-8
“
ဘုရားသခင်သည် ညစ်ညူးစေခြင်းငှါ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှါ ခေါ်တော်မူ၏။ ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်း သောဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
”
တိမောသေဩဝာဒစာပဌမစောင္ 1:9-10
“
ဘုရားတရားကို မရိုမသေ ပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။
”
တိမောသေဩဝာဒစာဒုတိယစောင္ 2:22
“
လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။
”
တိမောသေဩဝာဒစာဒုတိယစောင္ 3:2-6
“
လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍၊ အစဉ်သင်သော်လည်း၊
”
တိတုဩဝာဒစာ 2:12
“
ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊
”
ဟေဗ္ရဲဩဝာဒစာ 12:16
“
မတရားသော မေထုန်မှီဝဲသောသူ မရှိစေခြင်းငှါ၎င်း၊ တနပ်စာ အဘိုးနှင့်သားဥိးအရာကို ရောင်းသော ဧသောကဲ့သို့ ဘုရားတရားကို မရိုမသေပြုသောသူ မရှိစေခြင်းငှါ၎င်း၊ သတိနှင့်ကြည့်ရှုကြလော့။
”
ဟေဗ္ရဲဩဝာဒစာ 13:4
“
ခပ်သိမ်းသော သူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းအမှုသည် အသေရေ ရှိစေလော့။ မတရားသော မေထုန်ကိုပြုသောသူနှင့်သူ့မယားကို ပြစ်မှားသောသူကို ဘုရားသခင်စစ်ကြော စီရင်တော်မူလိမ့်မည်။
”
ရ္ဟင္ယာကုပ္ဩဝာဒစာ 1:12-15
“
စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။ အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။
”
ရ္ဟင္ယာကုပ္ဩဝာဒစာ 4:3-4
“
ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။ မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
”
ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 1:14
“
အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ်၍၊
”
ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 2:11
“
ချစ်သူတို့၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန်၏။
”
ရ္ဟင္ပေတရုဩဝာဒစာပဌမစောင္ 4:1-3
“
ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊ နောက်တဖန်သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်း ကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေတတ်၏။ သာသနာပလူတို့၏အလိုသို့လိုက်၍၊ ကိလေသာညစ်ညှုးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ၏။
”
ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 2:4-10
“
အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင် တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ၏။ ရှေးလောကဓာတ်ကိုလည်းနှမြောတော်မမူ။ ဖြောင့်မတ်ခြင်း တရားကိုဟောသောနောဧနှင့် လူခုနစ် ယောက်တို့ကို စောင့်မတော်မူ၍၊ ဘုရားကို မကိုးကွယ် သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုး စေတော်မူ ၏။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီ ရင်တော်မူသဖြင့် နောင်၌ မတရား သော အကျင့်ကို ကျင့်အံ့သောသူတို့ အားပုံသက်သေကို ထားတော်မူ၏။ ထိုအခါမတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ဖြောင့် မတ်သော လောတကို ကယ်နှုတ် တော်မူ၏။ ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ၊ သူတို့၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စီမြင်လျက်၊ နားကြားလျက်ရှိသဖြင့်၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်း ဆဲရ၏။ ဘုရားဝတ်၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း အထဲက ကယ်နှုတ်ခြင်းငှါ၎င်း၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏။
”
ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 2:14
“
သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေ သာနှင့် ပြည့်စုံသော မျက်စိရှိ၍၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင်တတ်ကြ၏။ လောဘလွန်ကျူးခြင်း၌ ကျင်လည်၍၊ ကျိန်တော်မူခြင်း၏ သားဖြစ်ကြ၏။
”
ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 2:18
“
အကြောင်းမူကား၊ မှားယွင်းခြင်း၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့်၊ ဇာတိပကတိ တပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။
”
ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 3:3
“
ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊
”
ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 2:16-17
“
လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီ စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။
”
ရ္ဟင္ယုဒဩဝာဒစာ 1:4
“
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။
”
ရ္ဟင္ယုဒဩဝာဒစာ 1:6-8
“
ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ၏။ ထိုနည်းတူ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ ရှိသော မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့်၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။ ယခုယောင်ယမ်းသောအဓမ္မလူတို့သည်၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ၍၊ အာဏာစက် ကိုပယ်လျက်၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ၏။
”
ဗ္ယာဒိတ္က္ယမ္း 2:14
“
သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း ၊ ထိမိ၍ လဲစရာအရာကို သူတို့ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ်၏ အယူကို စွဲလမ်းသောသူတို့သည် သင်၏နေရာ ၌ရှိကြသည်ဖြစ်၍၊ သင်၌အနည်းငယ်သောအပြစ်တင်စရာရှိ၏။
”
ဗ္ယာဒိတ္က္ယမ္း 2:20-22
“
သို့သော်လည်း၊ ငါ၏အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ၎င်း၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ၎င်း၊ ပရောဖက်မဟူ၍ ကိုယ်ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလသည် သွန်သင်၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့်၊ သင်၌ အပြစ်တင်စရာ ရှိ၏။ နောင်တရသင့်သောကာလကို ငါပေးသော်လည်း၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ။ ထိုကြောင့်၊ သူ့ကိုအိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။
”
ဗ္ယာဒိတ္က္ယမ္း 9:21
“
ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တမရဘဲနေကြ၏။
”
ဗ္ယာဒိတ္က္ယမ္း 14:8
“
ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။
”
ဗ္ယာဒိတ္က္ယမ္း 17:1-2
“
ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊
”
ဗ္ယာဒိတ္က္ယမ္း 18:3
“
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။
”
ဗ္ယာဒိတ္က္ယမ္း 18:9
“
မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ၊
”
ဗ္ယာဒိတ္က္ယမ္း 19:2
“
စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော် ကျွန်တို့၏ အသွေး ကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။
”
ဗ္ယာဒိတ္က္ယမ္း 21:8
“
ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။
”