30 – ချီဆောင်ခံရခြင်း

ယင်းတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသောစကားများဖြစ်သည်။
လူသား တွေ ရဲ့ စကား တွေ ကို ကျွန်တော် တို့ စိတ် မ ဝင်စား ကြ ဘူး ။
ဘုရားသခင် ကို ချစ် တဲ့ သူ တွေ အတွက်... ဘုရားသခင်ပြောတာက ဒီလိုပါတယ်– ချီဆောင်ခံရခြင်း.

အရေးအပါဆုံးအခန်းငယ် ၃ ခု

ရ္ဟင္မသ္သဲခရစ္ဝင္ 24:29-31

ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:16-17

သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 2:1-4

ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။

ကျမ်းရင်းဝင်အစဉ်အတိုင်း အခန်းငယ်တိုင်း– 216

ကမာၻဦးက်မ္း 3:15

သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။

ေယာဘဝတၱဳ 19:25-27

ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊ ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိနှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။

ဟေရှာယအနာဂတ္တိကျမ်း 2:2-4

နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ် တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။ ထာဝရဘုရားသည် လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။ တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။

ဟေရှာယအနာဂတ္တိကျမ်း 2:10-21

ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။ ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။ ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊ မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊ မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊ တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။ ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။ ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။ ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။ ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။ ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း 4:4-5

ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း 9:6-7

အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။ ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း 13:6-13

ထာဝရဘုရား၏ နေ့ရက်သည်နီးသောကြောင့်၊ ငိုကြွေးမြည်တမ်းကြလော့။ အနန္တတန်ခိုးရှင်စီရင် တော်မူ သော ဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်။ ထိုကြောင့်၊ရှိသမျှသော လက်တို့သည် ကျကြ လိမ့်မည်။ လူအပေါင်းတို့သည် စိတ်ပျက်၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။ နာခြင်းဝေဒနာအမျိုးမျိုးကို ခံရကြလိမ့်မည်။ သားဘွားသော မိန်းမကဲ့သို့ဝေဒနာကို ခံရလျက်၊ တ ယောက်ကိုတယောက် ကြည့်ရှု၍မှိုင်တွေသဖြင့်၊သူတို့ မျက်နှာသည် မီးလျှံအဆင်းရှိလိမ့်မည်။ ထိုပြည်ကိုဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူ ပြည်သားတို့ကို သုတ်သင်ဖယ်ရှင်းခြင်းငှါ၊ ထာဝရ ဘုရား ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။ မိုဃ်းကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်း ကိုမပေး။ နေသည်လည်း ထွက်သောအခါမိုက် လျက်၊ လ သည်လည်း မထွန်းမလင်းဘဲလျက်ရှိလိမ့်မည်။ ထိုလောကီနိုင်ငံ၏ အပြစ်ကို၎င်း၊ မတရားသော သူတို့၏ ဒုစရိုက်များကို၎င်းငါစစ်ကြောမည်။ မာနကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ကြမ်း ကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။ လူသည် ရွှေစင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသားသည် ဩဖိရရွှေကျောက်ထက် အဘိုးထိုက်မည်အကြောင်း ငါပြုမည်။ သို့ဖြစ်၍၊ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ ဒေါသအမျက်တော်ပြင်းစွာ ထွက်သော နေ့ ရက်၌၊ မိုဃ်းကောင်းကင်ကို ငါလှုပ်ရှားမည်။ မြေကြီး လည်း မိမိနေရာမှ ရွေ့ရလိမ့်မည်။

ဟေရှာယအနာဂတ္တိကျမ်း 25:8

သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။

ဟေရှာယအနာဂတ္တိကျမ်း 34:2-10

ထာဝရဘုရား၏ အမျက်တော်သည် လူမျိုးအ ပေါင်းတို့၌ ထွက်၍၊ ပြင်းစွာသောအမျက်တော်သည် သူ တို့အလုံးအရင်းအပေါ်မှာ သင့်ရောက်လေ၏။ သူတို့ကို ရှင်းရှင်းဖျက်ဆီး၍၊ အသေသတ်ခြင်း၌ အပ်လိုက်တော် မူ၏။ သူတို့တွင် အသေခံရသော သူတို့ကို ပြင်သို့ ပစ် လိုက်သဖြင့်၊ အသေကောင်တို့သည် နံစော်၍၊ သူတို့၏ အသွေးဖြင့် တောင်တို့သည် အရည်ဖြစ်ကြလိမ့်မည်။ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍၊ မိုဃ်းကောင်းကင်သည်စာလိပ်ကဲ့သို့ လိပ်လျက် ရှိလိမ့်မည်။ စပျစ်နွယ်ပင်မှ အရွက်ကျသကဲ့သို့၎င်း၊ သင်္ဘောသဖန်းပင်မှ အသီးကျသကဲ့သို့၎င်း၊ ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ကျကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထားသည် မိုဃ်းကောင်း ကင်၌ ရောင့်ရဲပြီးမှ၊ တဖန် ဧဒုံပြည် အပေါ်မှာ၎င်း၊ ငါ ကျိန်သောလူများတို့အပေါ်မှာ၎င်း၊ ဒဏ်ပေးခြင်းငှါ ရောက်လိမ့်မည်။ ထာဝရဘုရား၏ ထားတော်သည် အသွေးနှင့် ဝပြီ။ ဆီဥနှင့် ဆူပြီ။ သိုးသငယ်နှင့် ဆိတ်တို့၏ အသွေး၊ သိုးထီးတို့၏ ကျောက်ကပ် ဆီဥနှင့် ဆူဝပြီ။ ထာဝရဘုရား သည် ဗောဇရမြို့၌ ယဇ်ပွဲကို၎င်း၊ ဧဒုံပြည်၌ ကြီးစွာသော သတ်ခြင်းပွဲကို၎င်း ခံတော်မူ၏။ ကြံ့များနှင့် နွားလားဥသဘများတို့သည် လဲကြ သဖြင့်၊ သူတို့နေရာမြေသည် သူတို့အသွေးနှင့် ယစ်မူး၍၊ မြေမှုန့်သည်လည်း ဆီဥနှင့် ဆူဝလိမ့်မည်။ ထာဝရဘုရား ဒဏ်ပေးတော်မူရာနေ့၊ ဇိအုန်မြို့ အမှုကိုစောင့်၍ အပြစ်ပေးတော်မူရာ နှစ်ရောက်လေ ပြီ။ ထိုပြည်၏မြစ်ရေသည် ထင်းရူးစေး၊ မြေမှုန့် လည်းကန့်၊ တပြည်လုံးလည်း မီးလောင်သော အစေးဖြစ် လိမ့်မည်။ နေ့ညဉ့်မပြတ် မီးမငြိမ်းရ။ မီးခိုးလည်း အစဉ် တက်လိမ့်မည်။ ထိုပြည်သည် လူမျိုးအစဉ်အဆက် ဆိတ် ညံ၍၊ ကာလအစဉ်အမြဲ အဘယ်သူမျှ မရှောက်မသွားရ။

ဟေရှာယအနာဂတ္တိကျမ်း 45:22-23

မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့် ၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိ နှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည် ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။

ဟေရှာယအနာဂတ္တိကျမ်း 46:10

အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊

ဟေရှာယအနာဂတ္တိကျမ်း 52:8

သင်၏ကင်းစောင့်တို့၏အသံကို နားထောင်ကြ လော့။ သူတို့သည် အသံကို လွှင့်၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ်တည်း ကြွေးကြော်ကြ၏။ အကြောင်းမူ ကား၊ ထာဝရဘုရားသည် ဇိအုန်မြို့သို့ ပြန်လာတော်မူ ကြောင်းကို ကိုယ်တိုင်မြင်ရကြ၏။

ဟေရှာယအနာဂတ္တိကျမ်း 65:17

ကြည့်ရှုလော့။ မိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုဃ်းကောင်းကင် နှင့်မြေကြီးကို မအောက်မေ့ရ။ နှလုံးမမှတ်မိရ။

ဟေရှာယအနာဂတ္တိကျမ်း 66:22

ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

ယေရမိအနာဂတ္တိကျမ်း 30:7

အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။

ယေဇကျေလအနာဂတ္တိကျမ်း 34:11-13

အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်လိုက်၍ ငါ့သိုးတို့ကိုရှာမည်။ ကွဲပြားလျက်ရှိသော မိမိသိုးတို့တွင် သိုးထိန်း ရောက်သောအခါ ကြိုးစား၍ ရှာသကဲ့သို့၊ ငါသည်လည်း ငါ့သိုးတို့ကိုကြိုးစား၍ ရှာမည်။ မိုဃ်းအုံ၍မိုက်သော နေ့၌ သူတို့ကွဲပြားသော အရပ်ရပ်တို့က ငါနှုတ်ဆောင် မည်။ အတိုင်းတိုင်းအပြည်ပြည်တို့က ခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ နေရင်းပြည်သို့ ပို့ဆောင်မည်။ ဣသ ရေလတောင်တို့အပေါ်၊ မြစ်တို့အနား အစရှိသော နေစရာ အရပ်ရပ်တို့၌ ကျွေးမွေးမည်။

ယေဇကျေလအနာဂတ္တိကျမ်း 37:12-13

သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည်။ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊

ဒံယေလအနာဂတ္တိကျမ်း 2:28

နက်နဲသော အရာတို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သော အရာတို့ကို နေဗုခဒ်နေဇာမင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်း ကင်ဘုံမှာ ရှိတော်မူ၏။

ဒံယေလအနာဂတ္တိကျမ်း 2:31-35

အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော် မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုပ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သော အရောင်အဝါ နှင့် ပြည်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက် ဘွယ်သော ပုံသဏ္ဌာန်ကိုဆောင်လျက် ကိုယ်တော်ရှေ့၌ တည်ရှိ၏။ သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့် ဖမိုး သည် သံတပိုင်းသရွတ်တပိုင်းဖြစ်၏။ ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့် မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ်ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့ သည်ရှိသော်၊ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့် ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေရာမရှိ၊ ပျောက်လေ၏။ ရုပ်တုကို ထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။

ဒံယေလအနာဂတ္တိကျမ်း 2:36-39

ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင် ဘုရားသခင် သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော်အစွမ်းသတ္တိ ဘုန်းအသရေကို ကိုယ်တော်အား ပေးတော်မူပြီ။ လူနေရာ ရှိသမျှတို့နှင့် မြေကြီးသား တိရစ္ဆာန်၊ မိုဃ်းကောင်းကင်ငှက်များတို့ကို ကိုယ်တော်လက်၌ အပ် ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ ရွှေဦး ခေါင်းဖြစ်တော်မူ၏။ ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 2:40-43

စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံ ဖြစ်လိမ့်မည်။ သံသည် အခြားသောအရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်း ကို ပြုလိမ့်မည်။ ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ် တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော် လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်ဖြစ်၍၊ သံသည်ခိုင်မာခြင်း သတ္တိရှိလိမ့်မည်။ ခြေချောင်းတို့သည် သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာခြင်းနှင့်၎င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်။ ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင် တော်မူသည်နှင့် လျော်စွာ၊ နိုင်ငံသားတို့သည် အခြား သော လူမျိုးသားတို့နှင့် ပေါင်းဘော်ကြလိမ့်မည်။ သို့သော် လည်း၊ သရွတ်နှင့်သံမရောနှောနိုင်သကဲ့သို့၊ သူတို့သည် အချင်းချင်း ပေါင်းဘော်၍ မသင့်နိုင်ကြ။

ဒံယေလအနာဂတ္တိကျမ်း 2:44-45

လက်နှင့်မထုမလုပ်ဘဲ ကျောက်တလုံးသည် တောင်ပေါ်ကအလို လိုပဲ့ကွာ၍၊ သံကြေးဝါ၊ သရွတ်၊ ငွေ၊ ရွှေတို့ကို ချိုးဖဲ့သည်ကို မြင်တော်မူသည် အကြောင်းအရာမှာ၊ ပျက်စီးခြင်းသို့ မရောက်နီုင်သော နိုင်ငံတခုကို ထိုမင်းကြီးများ လက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသော လူမျိုးလက်သို့ မရောက်ရဘဲ၊ အထက်ဆိုခဲ့ပြီးသော နိုင်ငံ ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။ ထိုသို့နောက်၌ ဖြစ်လတံ့သောအရာတို့ကို ကြီးမြတ်တော် မူသော ဘုရားသခင်သည် အရှင်မင်းကြီးအား ကြားပြော တော်မူ၏။ အိပ်မက်တော်ရွေ့လျော့ခြင်းမရှိ။ အနက် သည်လည်း မှန်ပါ၏ဟု ဒံယေလသည် အထံတော်၌ လျှောက်ထား၏။

ဒံယေလအနာဂတ္တိကျမ်း 7:2-8

ငါ ဒံယေလသည် ညဉ့်အခါ အာရုံပြု၍၊ မိုဃ်း ကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဌာန်ချင်းမတူသော သာရဲလေးကောင်တို့ သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပဌမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်း ရှိ၏။ ငါ ကြည့်ရှု၍ နေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှ ကိုယ်ကို ချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ်သဘောကိုလည်း ရ၏။ ဒုတိယ သားရဲသည် ဝံနှင့်တူ၏။ တဘက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပစပ်၌ နံရိုး သုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။ တဖန်ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက် အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့်ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။ ထိုညဉ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာ သော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ် သော စတုတ္ထသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့် နင်းချေ၏။ သူသည်အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်း ရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

ဒံယေလအနာဂတ္တိကျမ်း 7:9-10

ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍ နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍ စာစောင်များ ကိုဖွင့်ထားကြ၏။

ဒံယေလအနာဂတ္တိကျမ်း 7:11-12

ထိုအခါ ချိုငယ်ပြောသော စကားကြီး အသံ ကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ ကိုယ်ကိုမီးရှို့၍ ဖျက်ဆီးကြ၏။ အခြားသော သားရဲမူကား၊ အစိုးရသော အခွင့် တန်းခိုးရှုံးသော်လည်း၊ ချိန်းချက်သော ကာလပတ်လုံး အသက်ရှင်ရကြ၏။

ဒံယေလအနာဂတ္တိကျမ်း 7:13-14

ထိုညဉ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီး သော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။

ဒံယေလအနာဂတ္တိကျမ်း 7:17-18

ထိုသူက၊ ဤသားရဲလေးကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်၏။ သို့သော်လည်း၊ အမြင့်ဆုံးသော ဘုရား၏ သန့် ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစား ကြလတံ့ဟု အနက်အဓိပ္ပါယ်ကို ကြားပြော၏။

ဒံယေလအနာဂတ္တိကျမ်း 7:19-22

ထိုအခါ အခြားသော သားရဲထက်ထူးခြား၍ အလွန်ကြောက်မက်ဘွယ်ဖြစ်လျက်၊ သံသွားနှင့်၎င်း၊ ကြေး ဝါလက်သည်းခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုယ်စား ချိုးဖဲ့၍ ကြွင်းသမျှကို ခြေဖြင့်နင်းချေတတ်သော စတုတ္ထသားရဲကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ သူ၏ခေါင်း၌ရှိသော ချိုဆယ်ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံးချောင်းကိုနှုတ်၍၊ ကြီးစွာသော စကားကို ပြောတတ် သော နှုတ် နှင့် မျက်စိရှိသဖြင့်၊ မိမိအဘော်တို့ ထက်သာ၍ ရဲရင့်သော မျက်နှာအဆင်းရှိသော ချိုတချောင်းကား၊ အဘယ်သို့ ဆိုလို သည်ကို၎င်း သိခြင်းငှါ ငါအလိုရှိ၏။ ငါကြည့်ရှုစဉ်တွင် အသက်ကြီးသောသူသည် ရောက်လာလျှင်၊ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော သူတို့အား စီရင်ရသော အခွင့်ကို ပေး၍၊ ထိုသူတို့သည် နိုင်ငံကိုသိမ်းယူဝင်စားသော အချိန်ရောက်သည့်တိုင် အောင် ထိုချိုသည် သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်လေ ၏။

ဒံယေလအနာဂတ္တိကျမ်း 7:23-27

ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ် မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသော မင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီး ထက် ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက် ပတ်လုံး သူသည် အခွင့်ရလိမ့်မည်။ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုးအာဏာကို နှုတ်၍ရှင်းရှင်း ဖျက်ဆီး ကြလိမ့်မည်။ ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာ စက် ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီး အပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 8:9-14

ထိုချိုလေးချောင်းတွင် တချောင်းထဲက အခြား သောချိုတက်တ ချောင်းပေါက်ပြန်၍ တောင်မျက်နှာသို့၎င်း၊ အရှေ့မျက်နှာသို့၎င်း၊ သာယာသော ပြည်သို့၎င်း မျက်နှာပြု၍၊ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ကောင်းကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍၊ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကို မြေသို့ချ၍ နင်းလေ၏။ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင် လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်၍၊ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏။ အပြစ်များသောကြောင့် နေ့ရက်အစဉ်ပြုသော ဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍ သမ္မာ တရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍ အောင်မြင်ခြင်းသို့ ရောက်လေ၏။ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်း အလိုငှာ နေ့ရက်အစဉ်ပြုသောဝတ်ကို ပယ်ခြင်းနှင့်၎င်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်၎င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည်အဘယ်မျှ ကာလပတ်လုံး တည်လိမ့် မည်နည်းဟုမေးမြန်းလျှင်၊ ယခင်ပြောသူက ရက်ပေါင်းနှစ်ထောင်သုံးရာ တိုင်တိုင် တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်ဟုပြန်၍ ပြောဆို ၏။

ဒံယေလအနာဂတ္တိကျမ်း 8:15-19

ငါဒံယေလသည် ထိုရူပါရုံကို မြင်၍ အနက်ကို ရှာဖွေသောအခါ၊ လူသဏ္ဌာန်ရှိသောသူတဦးသည် ငါ့ရှေ့တွင် ရပ်နေ၏။ အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။ ထိုသူသည် ငါရပ်နေရာအပါးသို့လာလျှင်၊ ငါသည် ကြောက်ရွံ့၍ ပြပ်ဝပ်လျက်နေ၏။ ထိုသူက၊ အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် ရူပါရုံသည် အမှုကုန် ရသောကာလနှင့်ဆိုင်သည်ဟု ငါ့အား ပြောဆို ၏။ ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊ ဒေါသအမျက်တော်အဆုံး၌ ဖြစ်လတံ့သော အရာကိုငါကြား ပြောဦးမည်။ ချိန်းချက်သောအချိန်၌ လက်စသတ်လိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 8:23-26

ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူး သော သူတို့၏ အပြစ်ပြည့်စုံသောအခါ၊ ရဲရင့်သော မျက်နှာရှိ၍ ပရိယာယ်တို့ကို နားလည်သော မင်းကြီး တပါး ပေါ်လာလိမ့်မည်။ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲလျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွား အောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော လူစု၊ သန့်ရှင်း သော လူစုကို ပင် ဖျက်ဆီးလိမ့်မည်။ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်း အောင် မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်းနှင့်တကွ မိဿဟာယ ဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်ဆီး၍၊ သခင်တို့၏သခင် ကို ဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက် ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ညဦးနှင့် နံနက်ကို တော်ပြသောဗျာဒိတ် ရူပါရုံ စကားမှန်သည် ဖြစ်၍ ထိုစကားကို တံဆိပ်ခက်ထား လော့။ တာရှည်သော ကာလတိုင်တိုင် တည်လိမ့်မည်ဟု ဆို၏။

ဒံယေလအနာဂတ္တိကျမ်း 9:24-27

လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။ ထိုကြောင့်၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက် ခံရသောကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။

ဒံယေလအနာဂတ္တိကျမ်း 10:14

ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။

ဒံယေလအနာဂတ္တိကျမ်း 11:27-28

ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တခုသောစားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန် ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။ တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 11:29-34

ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။ အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။ ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။ လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ထားနှင့်ကွယ်မျက် ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။ လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့ လိုက်၍ဆည်းကပ်ကြလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 11:35

အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။

ဒံယေလအနာဂတ္တိကျမ်း 11:36-39

ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။ ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သောအလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည်။ ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။ ခိုင်ခံ့သော ရဲတိုက်များကို၎င်း၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို၎င်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည်။

ဒံယေလအနာဂတ္တိကျမ်း 11:40-45

အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။ သာယာသောပြည်ကိုလည်းဝင်၍ အများသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏ လက်မှ လွတ်သော သူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။ ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။ ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည် သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။ သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူ အများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှါ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။ ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း 12:1-4

ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမှဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်း သို့ ရောက်ကြလိမ့်မည်။ ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက် ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရ အသရေပျက်ခြင်းနှင့်၎င်း နိုးကြလိမ့်မည်။ ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့၎င်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့၎င်း အစဉ်အမြဲ ထွန်းလင်း ကြလိမ့်မည်။ သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်၍ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို ၏။

ဒံယေလအနာဂတ္တိကျမ်း 12:5-7

ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။ တပါးကလည်း၊ အံ့ဘွယ်သော ဤအမူအရာတို့သည် မကုန်စင်မှီ အဘယ်မျှ လောက်ကြာလိမ့်မည်နည်း ဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကိုမေးမြန်း၏။ ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်းသော သူတို့၏ အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူ အရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဘက်ကို ကောင်းကင်သို့ချီလျှက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆို သည်ကို ငါကြား၏။

ဒံယေလအနာဂတ္တိကျမ်း 12:8-10

ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင် ပါမည်နည်းဟု မေးလျှောက်လျှင်၊ ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍ တံဆိပ် ခတ်ထားလျက်ရှိ၏။ လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသော သူတို့သည် မတရားသဖြင့် ပြု၍ တယောက်မျှ နား မလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့် မည်။

ဒံယေလအနာဂတ္တိကျမ်း 12:11-13

နေ့ရက် အစဉ်ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ် အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ် ကြာလိမ့်မည်။ အရက်တထောင်သုံးရာသုံးဆယ်ငါးရက်တိုင် အောင် ငံ့လင့်၍ မှီသောသူသည် မင်္ဂလာရှိ၏။ သင်မူကား အဆုံးမဖြစ်မှီတိုင်အောင် သွား လော့။ ငြိမ်ဝပ်စွာ နေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။

ဟောရှေအနာဂတ္တိကျမ်း 2:16

ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။

ယောလအနာဂတ္တိကျမ်း 2:1-11

ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။ မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။ သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။ သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။ ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။ သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။ တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။ မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။ သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။ ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။

ယောလအနာဂတ္တိကျမ်း 2:28-29

ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။

ယောလအနာဂတ္တိကျမ်း 2:30-32

မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။ ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။

ယောလအနာဂတ္တိကျမ်း 3:13-16

ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။ ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည်။

ယောလအနာဂတ္တိကျမ်း 3:17-21

ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။ ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။ ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။ ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။ ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။

မိကၡာအနာဂတၱိက်မ္း 4:1-4

နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သော တောင်သည် တောင်ကြီးတောင် ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြ လိမ့်မည်။ များပြားသော လူမျိုးတို့ကလည်း၊ လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရား သခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်ဟု၊ ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။ တရားတော်သည် ဇိအုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှ၎င်း ပေါ်ထွက် လိမ့်မည်။ ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။ လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သော သင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြ လိမ့်မည်။ ကြောက်စေသော သူတယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နှုတ်တော် ထွက်အမိန့်တော်ရှိ၏။

ဇေဖနိအနာဂတ္တိကျမ်း 1:14-18

ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင် အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။ သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။

ဇေဖနိအနာဂတ္တိကျမ်း 3:8

သို့သော်လည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဘမ်းဆီးလုယက်ခြင်းငှါ ငါမထမှီတိုင်အောင် ငါ့ကို ငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင် သွန်း လောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေ တပြင်လုံးကို လောင်ရလိမ့်မည်။

ဇေဖနိအနာဂတ္တိကျမ်း 3:9

အကယ်စင်စစ် လူမျိုးအပေါင်းတို့သည် ထာဝရ ဘုရား၏အမှုတော်ကို တညီတညွတ်တည်း ဆောင်ရွက် မည်အကြောင်း၊ နာမတော်ကို ပဌနာပြုစေခြင်းငှါ သန့် ရှင်းသော ဘာသာစကားကို သူတို့အား ငါပြန်ပေးမည်။

ဟဂၢဲအနာဂတၱိက်မ္း 2:6-9

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကာလမကြာမမြင့်မှီကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တဖန် ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုး အပေါင်းတို့ နှစ်သက်ဘွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ ရွှေနှင့်ငွေကို ငါပိုင်သည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ နောက်တည်သော ဤအိမ်တော်သည် အရင် အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ ဤအရပ်၌ လည်း ငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ကောင်းကင်ဗိုလ် ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

ဇာခရိအနာဂတၱိက်မ္း 14:1-3

ထာဝရဘုရား၏နေ့ရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့် အလယ်၌ ဝေဖန်ကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍ တဝက်သာမြို့၌ ကျန် ကြွင်းလိမ့်မည်။ ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။

ဇာခရိအနာဂတၱိက်မ္း 14:4-8

ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။ သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။ ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည်။ နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။ ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ ပင်လယ်သို့တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။

ဇာခရိအနာဂတၱိက်မ္း 14:9

ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။

ဇာခရိအနာဂတၱိက်မ္း 14:10-15

ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။ နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည်။ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။ ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။ ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။

ဇာခရိအနာဂတၱိက်မ္း 14:16-19

ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။ အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။ ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။

ဇာခရိအနာဂတၱိက်မ္း 14:20-21

ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။

မာလခိအနာဂတၱိက်မ္း 3:2-3

လာတော်မူသော နေ့ရက်ကို အဘယ်သူသည် မတိမ်းမရှောင်ဘဲ နေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူ သောအခါ အဘယ်သူသည် ခံရလိမ့်မည်နည်း။ ထိုသခင် သည် ငွေစစ်သောသူ၏မီး၊ ခဝါသည် သုံးသော ဆပ်ပြာ ကဲ့သို့ ဖြစ်တော်မူမည်။ ငွေကို ချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင် လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကို ချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရား အဘို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြ လိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 13:38-43

လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ် ဆိုးသားဖြစ်၏။ တောမျိုးစေ့ကိုကြဲသောရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သော ကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။ တောပင်တို့ကိုရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ဖြစ်လတံ့။ လူသားသည် မိမိကောင်းကင်တမန်တို့ကိုစေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတံ့။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြ လတံ့။ ကြားစရာနားရှိသောသူသည် မည်သည်ကားကြားပါစေ။

ရ္ဟင္မသ္သဲခရစ္ဝင္ 13:47-50

တနည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက် ကွန်နှင့်တူ၏။ ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသောငါးကို ခြင်း ထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နှုတ်ယူခွဲထား၍၊ ငိုးကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 16:2-3

ကိုယ်တော်ကလည်း၊ သင်တို့သည် ညဦးယံ၌ပြောဆိုတတ်သည်ကား၊ ယခုမိုဃ်းတိမ်နီသည်ဖြစ်၍ မိုဃ်းကြည်လင် လိမ့်မည်ဟု ဆိုတတ်ကြ၏။ နံနက်ယံ၌ကား၊ ယခုမိုဃ်းအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်းရှိ၏။ ယနေ့မိုဃ်းသက်မုန်တိုင်း လာလိမ့်မည်ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍သိ နိုင်ကြ၏။ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။

ရ္ဟင္မသ္သဲခရစ္ဝင္ 16:27-28

လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။ ငါအမှန်ဆိုသည်ကား၊ လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု တပည့်တော်တို့အား မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 19:28

ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:3-8

ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:9-14

ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည်။ အချင်းချင်မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:15-22

ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်းမကျမည်အကြောင်း ဆု တောင်းကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:23-28

ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။ ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။ လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။ အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:29-31

ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:32-39

သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မှီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:40-44

ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရ လတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ၏။ ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။

ရ္ဟင္မသ္သဲခရစ္ဝင္ 24:45-51

အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊ ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 25:1-13

ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါ မီးခွက်ကို ကိုင်ယူ၍ ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက်သည် ပညာသတိရှိကြ၏။ ငါးယောက်မူကား အမိုက်ဖြစ်ကြ၏။ မိုက်သောသူတို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကို မယူကြ။ ပညာသတိရှိသောသူတို့မူကား၊ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကိုလည်း ယူကြ၏။ မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊ ထိုသတို့သမီးအပေါင်းတို့သည် ထ၍မီးခွက်များကို ပြင်ဆင်ကြ၏။ မိုက်သောသူတို့က ငါတို့ဆီမီးသေပါပြီ။ သင်တို့ ဆီကိုအနည်းငယ်ပေးပါဟု ပညာရှိသောသူတို့အား တောင်းကြ၏။ ပညာရှိသောသူတို့ကလည်း သင်တို့အဘို့နှင့် ငါတို့အဘို့ ဆီမလောက်။ ထို့ကြောင့် ဆီရောင်းသောသူ ရှိရာသို့သွား၍ ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်ဟု ပြန်ပြောကြ၏။ ထိုသူတို့သည် ဆီဝယ်သွားသည်အခိုက်တွင် မင်္ဂလာဆောင်လုလင်သည်လာ၍၊ အသင့်ရှိသော သတို့ သမီးတို့သည် လုလင်နှင့်အတူ ပွဲသို့ဝင်ကြပြီးလျှင် တံခါးကိုပိတ်ထား၏။ ထိုနောက် ကြွင်းသောသတို့သမီးတို့သည်လာ၍ အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးကိုဖွင့်ပါဟု တောင်းလျှောက်ကြသော်၊ အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟု ပြန်ပြောလေ၏။ သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။

ရ္ဟင္မသ္သဲခရစ္ဝင္ 25:31-33

လူသားသည် မိမိဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်၍၊ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို အသီးအခြားခွဲ၍၊ သိုးတို့ကို လက်ျာတော်ဘက်၊ ဆိတ်တို့ကို လက်ဝဲတော်ဘက်၌ ထားတော်မူလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 25:34-40

ထိုအခါ လက်ျာတော်ဘက်၌ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သောနိုင်ငံကို လာ၍ အမွေခံကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင်ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင်၊ ဖြောင့်မတ်သောသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း။ ရေငတ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက်ဘို့ပေးပါသနည်း။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြုပါသနည်း။ အဝတ်အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော် ကို အဝတ်နှင့်ဖုံးလွှမ်းပါသနည်း။ အနာစွဲတော်မူသည်ကို၎င်း၊ ထောင်ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍လျှောက်ကြသော်၊ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။

ရ္ဟင္မသ္သဲခရစ္ဝင္ 25:41-46

ထိုအခါ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးက၊ ကျိန်ခြင်းကို ခံရသောသူတို့၊ မာရန်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့။ အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည်မကျွေး၊ ငါသည် ရေငတ်သောအခါ သင် တို့သည် သောက်ဘို့မပေး။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါစွဲသောအခါ၌၎င်း၊ ထောင်ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊ ထိုသူတို့က၊ သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည်ဖြစ်တော်မူ ခြင်း၊ အဝတ်အချည်းစည်းရှိတော်မူခြင်း၊ အနာစွဲတော်မူခြင်း၊ ထောင်ထဲမှာနေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ်အခါ၌မြင်၍ ကိုယ်တော်ကို မပြုစုမလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက်ကြသော်၊ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြုသမျှတို့ကို ငါ့အား မပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟု မိန့်တော်မူ၏။

ရ္ဟင္မသ္သဲခရစ္ဝင္ 26:64

ယေရှုက၊ သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုး တော်၏လက်ျာဘက်၌ ထိုင်လျက် မိုဃ်းတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 8:38

မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏။ လူသား သည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတံ့။

ရ္ဟင္မာကုခရစ္ဝင္ 9:1

ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူ အချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 13:4-8

ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသော အခါ အဘယ်ပုပ္ပနိမိတ်ပေါ်ထွန်းမည်ကို၎င်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကိုအဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ကြောင်းကို၎င်း၊ စစ်တိုက်ခံသောသိတင်းစကားကို၎င်း ကြားရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ် လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်းမသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။

ရ္ဟင္မာကုခရစ္ဝင္ 13:9-13

သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့် မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။ ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အားဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ ဆောင် ကြသောအခါ အဘယ်သို့ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကို သင်တို့အလိုအလျောက် ပြော ကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။ ထိုကာလ၌ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်လိမ့်မည်။ အဘသည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

ရ္ဟင္မာကုခရစ္ဝင္ 13:14-20

ပရောဖက်ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့် သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည် ၌ရှိသော သူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်း စေနှင့်။ အိမ်ထဲက တစုံတခုကို ယူခြင်းငှါ မဝင်စေနှင့်။ လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှါ နောက်သို့မပြန်စေနှင့်။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။ အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သောဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဘို့အလိုငှါ ထိုကာလကို တိုစေတော်မူမည်။

ရ္ဟင္မာကုခရစ္ဝင္ 13:21-23

ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်းမယုံကြနှင့်။ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို ပြကြလိမ့်မည်။ သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာရှိသမျှကို ငါပြောနှင့်ပြီ။

ရ္ဟင္မာကုခရစ္ဝင္ 13:24-27

ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသားသည်ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး၍ ကြွလာ တော်မူသည်ကို မြင်ရကြလိမ့်မည်။ ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှခေါ်၍ စုရုံးစေတော်မူလတံ့။

ရ္ဟင္မာကုခရစ္ဝင္ 13:28-37

သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေလာကနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည်တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။ ငါအမှတ်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြ လိမ့်မည်။ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါးအဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။ ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ဆုတောင်း လျက် စောင့်နေကြလော့။ ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီးခွဲခန့်စီမံ၍၊ တံခါးမှူးကိုစောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သို့မဟုတ်အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကိုတွေ့လိမ့်မည်။ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့် တော်မူ၏။

ရ္ဟင္မာကုခရစ္ဝင္ 14:62

ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ထိုင်လျက်၊ မိုဃ်းတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 9:26-27

အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘခမည်းတော်၏ ဘုန်း၊ သန့်ရှင်းသောကောင်းကင်တမန်တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော် မူလတံ့။ ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေ ခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 12:35-40

သင်တို့သည် ခါးပန်းစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့်၊ သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ခြင်းဖွင့်ခြင်းငှါ သခင် လာမည်ကို မြော်လင့်၍နေသော ကျွန်ကဲ့သို့ ရှိနေကြလော့။ အကြင်ကျွန်တို့သည် စောင့်လျက်နေသည်ကို သခင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်တို့သည် မင်္ဂလာ ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ သခင်သည် ခါးပန်းစည်းလျက် ကျွန်တို့ကို စားပွဲ၌ လျောင်းစေပြီးမှ၊ ကိုယ်တိုင် လာ၍ သူတို့အားလုပ်ကျွေးလိမ့်မည်။ နှစ်ချက်တီးအချိန်ဖြစ်စေ၊ သုံးချက်တီးအချိန်ဖြစ်စေ၊ သခင်သည်လာ၍ ထိုသို့တွေ့လျှင်၊ ထိုကျွန်တို့ သည် မင်္ဂလာရှိကြ၏။ အိမ်ရှင်သည် သူခိုးလာမည်အချိန်နာရီကို သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှါ စောင့်နေ လိမ့်မည်ကို သင်တို့သိကြ၏။ ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 12:43-47

အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာ ရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။ သို့မဟုတ်မူကား၊ အကြင်ကျွန်က၊ ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့် ကျွန်ချင်း ယောက်ျားမိန်းမတို့ကို ရိုက်ပုတ်လျက်၊ စားသောက်ယစ်မူးလျက် နေ၏။ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊ ထိုကျွန်ကို ပြင်းစွာ ဆုံးမကွပ်မျက်၍ သစ္စာမရှိသောသူတို့နှင့်တကွ နေရာချလတံ့။ အကြင်ကျွန်သည် မိမိသခင်၏ အလိုကိုသိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန် သည် များစွာသော ဒဏ်ကိုခံရ၏။

ရ္ဟင္လုကာခရစ္ဝင္ 12:54-56

တဖန် လူအစုအဝေးတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် အနောက်မျက်နှာ၌ မိုဃ်းရိပ်တက် သည်ကို မြင်သောအခါ မိုဃ်းရွာမည်ဟု ချက်ခြင်းဆိုတတ်၏။ တောင်လေလာသည်ကို မြင်သောအခါ နေပူမည်ဟု ဆိုတတ်၏။ ဆိုသည်အတိုင်းလည်း ဖြစ်တတ်၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုဃ်းကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခု ကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။

ရ္ဟင္လုကာခရစ္ဝင္ 17:22-24

တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။ ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။

ရ္ဟင္လုကာခရစ္ဝင္ 17:25-30

ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။ နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။

ရ္ဟင္လုကာခရစ္ဝင္ 17:31-33

ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။ လောတ၏မယားကို အောက်မေ့ကြလော့။ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။

ရ္ဟင္လုကာခရစ္ဝင္ 17:34-37

ငါဆိုသည်ကား၊ ထိုနေ့ညဉ့်တွင် အိပ်ရာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တယောက်ကို သိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့ဟု မိန့်တော်မူလျှင်၊ သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေ လင်းတတို့သည် စုဝေးကြလတံ့ဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 18:7-8

ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 21:10-11

ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။

ရ္ဟင္လုကာခရစ္ဝင္ 21:12-19

ထိုအမှုအရာများမဖြစ်မှီ လူများတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဘမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌ ၎င်း၊ ထောင်ထဲ၌၎င်း အပ်နှံကြလိမ့်မည်။ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့်ရှိကြလိမ့်မည်။ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို ရှေ့မဆွက မဆင်ခြင်ခြင်းငှါ သတိထား ကြလော့။ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပေးမည်။ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဘော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ ကိုလည်း သတ်ကြလိမ့်မည်။ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ သို့သော်လည်း သင်တို့ ဆံခြည်တပင်မျှ မပျက်စီးရ။ သင်တို့သည် တည်ကြည်သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။

ရ္ဟင္လုကာခရစ္ဝင္ 21:20-24

ယေရုရှလင်မြို့ကို ဗိုလ်ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်း သို့ ရောက်လုသည်ကို သိမှတ်ကြလော့။ ထိုအခါ ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့ မဝင်ကြစေနှင့်။ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်းနေ့ရက် ကာလဖြစ်သတည်း။ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍ ယုဒအမျိုးအပေါ်၌ အမျက်ဒေါသသင့်ရောက် လိမ့်မည်။ သူတို့သည် ထားဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်း သွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့ အချိန်ကာလမပြည့်စုံမှီတိုင်အောင် ယေရုရှလင်မြို့ကို ခြေနှင့် နင်းကြလိမ့်မည်။

ရ္ဟင္လုကာခရစ္ဝင္ 21:25-28

ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက်စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကို စီးလျက် ကြွ လာသည်ကို မြင်ရကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။

ရ္ဟင္လုကာခရစ္ဝင္ 21:29-36

တဖန် ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များကို မှတ်ကြလော့။ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက်သိမြင်ကြ၏။ ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည် ကို သိမှတ်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့် မည်။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်။ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို မြေတပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ထို့ကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊ အစဉ်ဆုတောင်းလျက် စောင့်နေကြလော့ဟု မိန့်တော် မူ၏။

ရ္ဟင္ယောဟန္ခရစ္ဝင္ 5:25-29

ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ၊ သားတော်သည်မိမိ၌ အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။ သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။

ရ္ဟင္ယောဟန္ခရစ္ဝင္ 14:2-3

ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။

တမန္တော္ဝထ္ထု 1:9-11

တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော် မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။ ထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ ဟုပြောဆို၏။

ရောမဩဝာဒစာ 8:18-19

ငါတို့အား ပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။ ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မြော်လင့်လျက် နေ၏။

ရောမဩဝာဒစာ 14:11

ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍၊ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

ရောမဩဝာဒစာ 16:20

ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မှီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်သင်တို့၌ ရှိပါစေသော။

ကောရိနသုဩဝာဒစာပဌမစောင္ 3:12-15

ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူ သည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

ကောရိနသုဩဝာဒစာပဌမစောင္ 4:5

ထိုသို့ဖြစ်လျှင်မှောင်မိုက်၌ ဝှက်ထားသော အရာတို့ကို ပွင့်လင်း စေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော်မမူမှီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီးတို့သည် ဘုရားသခင်ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတံ့။

ကောရိနသုဩဝာဒစာပဌမစောင္ 5:5-6

ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။ သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။

ကောရိနသုဩဝာဒစာပဌမစောင္ 15:50-52

ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။ နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။ သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။

ဖိလိပ္ပိဩဝာဒစာ 2:10-11

အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။

ကောလောသဲဩဝာဒစာ 3:4

ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့် အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 1:10

ရောက်လတံ့သော ဘေးဒဏ်မှ ငါတို့ကို ကယ်နှုတ်သော သခင်ယေရှုတည်းဟူသော သေခြင်းမှ ဘုရား သခင် ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် အရာကို ငံ့လင့်ခြင်း ငှါ၎င်း၊ ရုပ်တုဆင်းတုတို့ကို ပစ်ပယ်၍၊ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည် အကြောင်းအရာ ကိုလည်း ကြားပြောကြ၏။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:13-15

ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ၊ ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 4:16-17

သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 5:1-4

ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အား ရေး၍ ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ သခင်ဘုရား၏ နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သော မိန်းမ၌ သားဘွားခြင်းဝေဒနာ ရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ ထိုနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့အပေါ်သို့ ရောက်လာမည် အကြောင်း၊ သင်တို့သည် မှောင်မိုက်၌ နေကြသည်မဟုတ်။

သက္သာလောနိတ္ဩဝာဒစာပဌမစောင္ 5:9-10

အမျက်တော်ကိုခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ၏။ ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 1:4-10

သို့ဖြစ်၍၊ သင်တို့သည် ညှဉ်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသမျှတို့၌ သည်းခံ၍ ယုံကြည်ခြင်းရှိ သည်ကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ အသင်းတော်များတွင် သင်တို့ကြောင့် ဝါကြွားကြ၏။ သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်အတွက် ဆင်းရဲခံရ၍၊ ထိုနိုင်ငံတော်ကို ဝင်စားထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရစေခြင်းငှါ၊ တရားသဖြင့် ဘုရားသခင်စီရင်တော်မူခြင်းအမှုသည် ထိုသို့သောအားဖြင့် ထင်ရှားလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဘူးသော သူတို့၌ဆင်းရဲခြင်းကို၎င်း၊ ဆင်းရဲခံရဘူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၎င်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သော သူအပေါင်းတို့အားဖြင့် အံ့ဩချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသော ဘုန်းတော်နှင့်၎င်းကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို ခံရကြလတံ့၊

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 2:1-4

ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။

သက္သာလောနိတ္ဩဝာဒစာဒုတိယစောင္ 2:5-12

ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော။ ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ၊ ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ၏။ အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့်၎င်း၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။ ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်။ တရားရှုံးခြင်းသို့ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း အခွင့်ကိုသူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။

တိမောသေဩဝာဒစာပဌမစောင္ 6:14-16

အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုပညတ်ထား၏။ မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေသော နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

တိမောသေဩဝာဒစာဒုတိယစောင္ 3:1-5

နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။

တိမောသေဩဝာဒစာဒုတိယစောင္ 4:1-5

ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကိုစစ်ကြော စီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာ၎င်း၊ ဘုရားသခင်ရှေ့မှာ၎င်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊ နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။ အကြောင်းမူကား၊ နောင်ကာလ၌လူတို့သည် စင်ကြယ်သော ဩဝါဒကိုနားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။

တိမောသေဩဝာဒစာဒုတိယစောင္ 4:8

ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်း ဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့် တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။

တိတုဩဝာဒစာ 2:13

ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။

ဟေဗ္ရဲဩဝာဒစာ 1:10-12

တဖန် ကျမ်းစာလာသည်ကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိ သမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကို လိပ်သကဲ့သို့ လိပ်တော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း၊ ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါဟု လာသတည်း။

ဟေဗ္ရဲဩဝာဒစာ 9:23-28

ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိသော အရာတို့၌ ပုံများကိုထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေ ရသည်ဖြစ်၍၊ ကောင်းကင် အရာတို့ကိုသာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရေးဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့ အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။ ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ် ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ လူသည် တခါတည်းသေ၍ ထိုနောက်မှ တရား စီရင်တော်မူ ခြင်းကိုခံရသကဲ့သို့၊ ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မြော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။

ဟေဗ္ရဲဩဝာဒစာ 10:25

လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။

ဟေဗ္ရဲဩဝာဒစာ 11:35

မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။

ရ္ဟင္ယာကုပ္ဩဝာဒစာ 5:1-3

အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေးအော်ဟစ်ကြ။ သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။ ရွှေငွေလည်းအချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တဘက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကိုစားလိမ့်မည်။ နောက်ဆုံးသောနေ့ရက်ကာလအဘို့ဘဏ္ဍာကို ဆည်းဖူးကြပြီတကား၊

ရ္ဟင္ယာကုပ္ဩဝာဒစာ 5:7-8

ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြ လော့။ အကယ်၍လယ်လုပ်သော သူသည်အရင်မိုဃ်း၊ နောက်မိုဃ်းကိုရသည်တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မြော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက်စောင့် နေကြလော့။ ကိုယ်စိတ် နှလုံးကိုမြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။

ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 3:3-7

ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား၊ နောက်ဆုံးသော ကာလ၌ ပြက်ယယ်ပြုတတ်သော သူတို့သည်၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ၍၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း။ ဘိုးဘေးများ အိပ်ပျော် သည်နောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြလိမ့်မည်။ ရှေးကာလ၌မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲက ထွက်၍ရေဖြင့် တည်သောမြေကြီးကို၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊ ဖြစ်ဘူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင်၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။

ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 3:8-9

ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက် သည်၊ အနှစ် တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့်။ လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကို သည်းခံ တော်မူ၏။

ရ္ဟင္ပေတရုဩဝာဒစာဒုတိယစောင္ 3:10-13

သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရ ဘုရား၏ နေ့ရက်သည် လာလိမ့်ည်။ ထိုနေ့၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောက ဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော၊ ဘုရားသခင်၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း။ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 2:17-19

လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။ ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏။ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ၊ ငါတို့ထံမှ ထွက်သွားကြ၏။

ရ္ဟင္ယောဟန္ဩဝာဒစာပဌမစောင္ 4:1-6

ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ။ ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။ ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏။ ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။ ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကို၎င်း၊ မိစ္ဆာဝိညာဉ်ကို၎င်း သိရကြ၏။

ရ္ဟင္ယောဟန္ဩဝာဒစာဒုတိယစောင္ 1:7-11

လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။ ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက်၊ စုံလင်သောအကျိုးကို ရမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု၍ စောင့်ရှောက်ကြလော့။ ခရစ်တော်၏ဒေသနာ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား၊ ဘုရားသခင်ကိုမသိ။ ခရစ်တော် ဒေသနာ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏။ ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။

ရ္ဟင္ယုဒဩဝာဒစာ 1:14-15

အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့၏ အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။

ဗ္ယာဒိတ္က္ယမ္း 1:1

ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 1:7

ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။

ဗ္ယာဒိတ္က္ယမ္း 3:10-12

သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။ အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။

ဗ္ယာဒိတ္က္ယမ္း 3:15-19

သင်၏အကျင့်ကိုငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။ ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။ ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။

ဗ္ယာဒိတ္က္ယမ္း 4:1

ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ၏။

ဗ္ယာဒိတ္က္ယမ္း 5:1-10

ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။ အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။ ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။ ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။ ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။ သူသည်လာ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။ ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။

ဗ္ယာဒိတ္က္ယမ္း 5:11-14

ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။

ဗ္ယာဒိတ္က္ယမ္း 6:1-2

သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့၊ သတ္တဝါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက်၎င်း၊ အောင်မြင်ခြင်းငှါ၎င်း ထွက်သွား၏။

ဗ္ယာဒိတ္က္ယမ္း 6:3-4

ဒုတိယတံဆိပ်ကိုဖွင့်သောအခါ၊ ဒုတိယ သတ္တဝါ က၊ လာ၍ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါမြင်းနီတစီးထွက်၍၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ၎င်း၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ၎င်း အခွင့်ရ၏။ သူ၌ထားကြီးကိုပေးတော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 6:5-6

တတိယတံဆိပ်ကိုဖွင့်သောအခါ၊ တတိယ သတ္တဝါက၊ လာ၍ကြည့်လော့ဟု ဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ၏။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင်၏။ သတ္တဝါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ၏။ မုယောဆန် သုံးခွက်ကိုရ၏။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 6:7-8

စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ၊ စတုတ္ထ သတ္တဝါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါငါကြည့်လျှင်၊ မြင်းမွဲတစီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ၏။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ၏။

ဗ္ယာဒိတ္က္ယမ္း 6:9-11

ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံ ချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသောသူတို့၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေ တော်မူ မည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ၏။ ထိုသူတို့၌ဖြူသောဝတ်လုံကို ပေးတော်မူ၏။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 6:12-17

ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန်မတန်သော အသီးကြွေသကဲ့သို့၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။ မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသောသူမှစ၍ ကျွန်များ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌၎င်း၊ ပုန်းရှောင်လျက်နေ၍၊ ထိုတောင်များ၊ ကျောက်များတို့ကို ခေါ်လျက်၊ ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ၏။

ဗ္ယာဒိတ္က္ယမ္း 7:1-3

ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကိုကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့်၍၊ ငါတို့ဘုရားသခင်၏ ကျွန်ုပ်တို့ကိုနဖူး၌ တံဆိပ် မခတ်မှီတိုင်အောင်၊ မြေ ၊ ပင်လယ် ၊ သစ်ပင်တို့ကို မညှင်းဆဲပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော်လေ၏။

ဗ္ယာဒိတ္က္ယမ္း 7:4-8

တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။ ယုဒအမျိုးထဲက တသောင်းနှစ်သောင်း၊ ရူဗင်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင်။ အာရှာအမျိုးထဲက တသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တသောင်းနှစ်ထောင်၊ ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဣသခါ အမျိုး ထဲက တသောင်းနှစ်ထောင်၊ ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။

ဗ္ယာဒိတ္က္ယမ္း 7:9-17

ထို့နောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက်၊ စွန်ပလွံ ခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ၏။ ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်း ကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း။ အာမင်ဟုပြောဆိုကြ၏။ အသက်ကြီးသူတပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါအားမေးမြန်းလျှင်၊ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသော သူဖြစ်ကြ သတည်း။ ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။ သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ၏။

ဗ္ယာဒိတ္က္ယမ္း 8:1-6

သတ္တမတံဆိပ်ကိုဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။ ဘုရားသခင့်ရှေ့တော်၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနစ်လုံးကို ပေး၏။ ကောင်းကင်တမန်တပါးသည်လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင် တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ၌ပေး၏။ မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ ပဌနာများနှင့်အတူ ကောင်းကင် တမန်၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။ ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ၏။ တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ၏။

ဗ္ယာဒိတ္က္ယမ္း 8:7

ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ်၏။ မြေကြီးအပေါ်သို့ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ၏။

ဗ္ယာဒိတ္က္ယမ္း 8:8-9

ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ၏။ သင်္ဘောသုံးစုတစုလည်းပျက်၏။

ဗ္ယာဒိတ္က္ယမ္း 8:10-11

တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်းသို့၎င်း ရောက်၏။ ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ၏။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ်၍ရေခါးသောကြောင့်၊ လူအများတို့သည် သေကြ၏။

ဗ္ယာဒိတ္က္ယမ္း 8:12-13

စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစု တစုကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ၊ ထိုအခါ ငါကြည့်လျှင်၊ ရွှေလင်းတကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 9:1-12

ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌အနက်ဆုံးသော တွင်း၏ သော့ကို အပ်ပေးသည်ဖြစ်၍၊ သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ၏။ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက်၍ မြေကင်းမြီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ၏။ မြေ၏မြက်ပင်မှစ၍ စိမ်းသောအရာများ၊ သစ်ပင်များအပေါင်းတို့ကို ထား၍၊ နဖူး၌ဘုရားသခင် တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုညှဉ်းဆဲမည် အကြောင်းသူတို့အား ပညတ်ထား၏။ တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း။ ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည်။ ထိုကျိုင်းကောင်တို့၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း၏ အဆင်းသဏ္ဍာန် နှင့်တူ၏။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ်၏။ ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ်၏။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။ အမြီးသည် ကင်းမြီးကောက်နှင့်တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။ သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ၍၎င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ်၏။ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါးလာလေဦးမည်။

ဗ္ယာဒိတ္က္ယမ္း 9:13-21

ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ဘုရားသခင်ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက ထွက်သော အသံကား၊ ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား၏။ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ။ တနာရီ၊ တရက်၊ တလ၊ တနှစ် အဘို့ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။ မြင်းစီးသူရဲတို့၏ အရေအတွက်ကား ၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။ ထိုအတူဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုတ် တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည်ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။ သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစု သေကြ၏။ အကြောင်းမူကား၊ သူတို့တန်ခိုးသည် ခံတွင်း၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့်တူ၏ ။အမြီးအားဖြင့်ညှင်းဆဲတတ်ကြ၏။ ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည် နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း မကိုးကွယ်ဘဲ နေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။ ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကိုပြုစားခြင်း ၊ မတရား သောမေထုန်၌မှီဝဲခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တမရဘဲနေကြ၏။

ဗ္ယာဒိတ္က္ယမ္း 10:1-7

ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက်၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင်၏။ သူ၏ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည်နေကဲ့သို့ဖြစ်၏။ သူ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ၏။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ၎င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎င်း နင်း၍ ၊ ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏။ ထိုအခါ ငါမြင်၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည်၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင်၊ ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသော အရာ သည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကို၎င်း ၊ အရပ်ရပ်၌ရှိရှိသမျှတို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ကျိန်ဆိုခြင်းကို ပြုလေ၏။

ဗ္ယာဒိတ္က္ယမ္း 10:8-11

ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန်၏ လက်၌ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား၍ ယူလော့ဟု ဆိုလျှင်၊ ငါသည် ကောင်းကင်တမန်ထံသို့သွား၍ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍စားလော့။ ဝမ်းကိုခါးစေလိမ့်မည်။ သို့သော်လည်း ပစပ်၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင် ၊ ငါသည် စာစောင်ကို ကောင်းကင်တမန်၏လက်မှ ယူ၍စား၏။ ပစပ်၌ပျားရည်ကဲ့သို့ချို၏။ စားပြီးမှ ဝမ်း၌ခါး၏။ ကောင်းကင်တမန်ကလည်း၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့၌၎င်း၊ ရှင်ဘုရင်တို့၌၎င်း၊ တဖန် ပရောဖက်ပြု၍ ဟောပြောရမည်ဟု ဆိုလေ၏။

ဗ္ယာဒိတ္က္ယမ္း 11:1-6

တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။ ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။ ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော် ၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။ တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအမျိုး မျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။

ဗ္ယာဒိတ္က္ယမ္း 11:7-10

သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။ မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။

ဗ္ယာဒိတ္က္ယမ္း 11:11-14

ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။ ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။ ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စု တစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။

ဗ္ယာဒိတ္က္ယမ္း 11:15-19

သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။ ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊ အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။ တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။

ဗ္ယာဒိတ္က္ယမ္း 12:1-6

ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ၏။ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ၏။ သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။ မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။

ဗ္ယာဒိတ္က္ယမ္း 12:7-12

ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်းသူတို့နေစရာမရှိ။ ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။ ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 12:13-17

ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။ မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ၏။ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား၏။

ဗ္ယာဒိတ္က္ယမ္း 13:1-6

ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌ လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ခြေသည် ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း သားရဲ၌ အပ်ပေး၏။ သားရဲ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ၏။ သားရဲကိုလည်း ကိုးကွယ်၍၊ အဘယ်သူသည် သားရဲနှင့်တူသနည်း။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ၏။ ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ၏။ ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။

ဗ္ယာဒိတ္က္ယမ္း 13:7-10

သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့် ကိုရ၏။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ၏။ ကွပ်မျက်သောသိုးသငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ၏။ နားရှိသောသူမည်သည်ကား ကြားပါစေ။ သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း၊ ယုံကြည်စရာအကြောင်းရှိ၏။

ဗ္ယာဒိတ္က္ယမ္း 13:11-15

အခြားသော သားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကားပြောလျက်၊ မြေကြီးထဲက ထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု၏။ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ၏။ လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ၏။ ပဌမသားရဲရှေ့၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင်သေးသော သားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား၏။ သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့်၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။

ဗ္ယာဒိတ္က္ယမ္း 13:16-18

ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏ နာမဖြစ်စေ၊ နာမ၏ အရေအတွက်ဖြစ်စေ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။ ဤအရာ၌ပညာရှိ၏။ ဥာဏ်ရှိသောသူသည် သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေ အတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ်၏။

ဗ္ယာဒိတ္က္ယမ္း 14:1-5

ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ၏။ သူ၏ နာမနှင့် ခမည်း တော်၏ နာမကိုနဖူး၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။ သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ်၏။ ပလ္လင်တော်ရှေ့၌၎င်း၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူမျှ ထို သီချင်းကို သင်၍မရနိုင်။ ထိုသူတို့သည် ကညာဖြစ်၍မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသာမရှိ။

ဗ္ယာဒိတ္က္ယမ္း 14:6-8

မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။ ကောင်းကင်တမန်တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ မိမိမတရာသေား မေထုန်၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက်၍ပြောဆို၏။

ဗ္ယာဒိတ္က္ယမ္း 14:9-12

ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကိုကိုးကွယ်၍၊ သူတံဆိပ်လက်မှတ်ကို နဖူး၌ ခံသည်ဖြစ်စေ၊ လက်၌ ခံသည်ဖြစ်စေ၊ ထိုသူသည်ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင်၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ် ၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု၊ လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။ ဘုရားသခင်၏ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏။

ဗ္ယာဒိတ္က္ယမ္း 14:13

တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား၏။ ဝိညာဉ်တော်ကလည်း၊ ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်း ခြင်းငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏ဟုမိန့်တော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 14:14-16

တဖန်ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေ သရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။ ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန်ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူ ကို ကြီးသောအသံနှင့်ဟစ်လေ၏။ မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌ သွင်း၍မြေကြီး၏ စပါးကိုရိတ်တော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 14:17-20

ကောင်းကင်တမန်တပါးသည် ကောင်းကင်ဘုံ၌ရှိသော ဗိမာန်တော်ထဲက ထွက်၍ သူ၌လည်း ထက်သော တံစဉ်ပါ၏။ မီးကိုအစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက်၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့်ခေါ်လျက်၊ သင်၏ ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီး၏ စပျစ်သီးပြွတ် တို့ကိုရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး၌ သွင်း၍ မြေကြီး၏စပျစ်သီးကိုရိတ်ပြီးမှ၊ ဘုရား သခင်၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ၏။ မြို့ပြင်၌ နယ်ရာတန်ဆာကိုဖိနင်း၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး၌ မြင်း ဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ၏။

ဗ္ယာဒိတ္က္ယမ္း 15:1

တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။

ဗ္ယာဒိတ္က္ယမ္း 15:2-4

မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။ ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။

ဗ္ယာဒိတ္က္ယမ္း 15:5-8

ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။

ဗ္ယာဒိတ္က္ယမ္း 16:1

ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 16:2

ပဋ္ဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သော လူတို့၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ၏။

ဗ္ယာဒိတ္က္ယမ္း 16:3

ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။

ဗ္ယာဒိတ္က္ယမ္း 16:4-7

တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်း လျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော် သည် ဤသို့ တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ် တော်မူ၏။ ထိုသူတို့သည် သန့်ရှင်းသူတို့၏ အသွေး၊ ပရောဖက်တို့၏ အသွေးကို သွန်းလောင်းကြသည်ဖြစ်၍၊ သူတို့အား အသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။ ယဇ်ပလ္လင်ကလည်း၊ မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ် တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။

ဗ္ယာဒိတ္က္ယမ္း 16:8-9

စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ၏။ ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှါ နောင်တမရကြ။

ဗ္ယာဒိတ္က္ယမ္း 16:10-11

ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏နိုင်ငံ သည် မှောင်မိုက်အတိဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။ မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။

ဗ္ယာဒိတ္က္ယမ္း 16:12

ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခန်းခြောက်လေ၏။

ဗ္ယာဒိတ္က္ယမ္း 16:13-16

ထိုအခါ၊ နဂါး၏ခံတွင်းထဲက၎င်း၊ သားရဲ၏ ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင်၏။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ ဝိညာဉ်ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီ တနိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးစေကြ၏။ ဟေဗြဲဘာသာအားဖြင့် အာမေဂေဒုန် အမည်ရှိသောအရပ်၌ စုဝေးစေကြ၏။ အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။

ဗ္ယာဒိတ္က္ယမ္း 16:17-21

သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ ရှိသော ပလ္လင်တော်ထဲက ထွက်၏။ လျှပ်စစ်ပြတ်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီး အပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ် ခြင်းသည်မဖြစ်စဖူး။ မြို့ကြီးသည်သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။ အချိန်အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။ ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။

ဗ္ယာဒိတ္က္ယမ္း 17:1-7

ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍၊ လာခဲ့ပါ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏ မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင်၏။ ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကို ဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့်၎င်း၊ မိမိမတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။ နဖူး၌အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသော အရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ ၊ မြေ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့၏ အမိပေတည်း။ ထိုမိန်းမသည် သန့်ရှင်းသူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော၍ နေ၏။ ကောင်းကင်တမန်ကလည်း၊ အဘယ်ကြောင့် အံ့ဩသနည်း။ ထိုမိန်းမ၏ နက်နဲသော အရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သော သားရဲ၏ နက်နဲသောအရာကို၎င်း၊ ငါပြော မည်။

ဗ္ယာဒိတ္က္ယမ္း 17:8-13

ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသော တွင်းထဲကတက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ၊ အံ့ဩကြလိမ့်မည်။ ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနစ်လုံးကား၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ်၏။ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီး၊ တပါးရှိသေး၏။ တပါးဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်း ဖြစ်၏။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။ ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင် ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည်။ ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။

ဗ္ယာဒိတ္က္ယမ္း 17:14-18

သူတို့သည် သိုးသငယ်ကို စစ်တိုက်၍ သိုးသငယ်သည် နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုး သငယ်သည် သခင်တို့၏သခင် ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည် လည်း ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။ ယခုမြင်၍ ပြည်တန်ဆာထိုင်သော ရေကား၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။ ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း၍ သူ၏စည်းစိမ်ကို ဖျက်ဆီးလိမ့် မည်။ သူ၏အဝတ်တန်ဆာကိုချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်းငှါ၎င်း၊ နှုတ်ကပတ်တော်မပြည့်စုံမှီတိုင်အောင် သဘောတူ၍ မိမိတို့နိုင်ငံများကို သားရဲ၌ အပ်ပေးခြင်းငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံပေးတော်မူ၏။ ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။

ဗ္ယာဒိတ္က္ယမ္း 18:1-3

ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ၏။ သူသည်ကျယ်သောအသံနှင့် ကြွေးကြော်၍၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ။ ပြိုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ။ ညစ်ညူးသော ဝိညာဉ်မျိုး၏ တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။

ဗ္ယာဒိတ္က္ယမ္း 18:4-8

အခြားသော ကောင်းကင်အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ်အံ့သောငှါ၊ သူ၏အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍ လောင်းကြလော့။ သူသည်ကိုယ်ကို ချီးမြှောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည်အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဖုရားဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။ ထိုကြောင့်၊ သူခံရသောသေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့၍၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 18:9-22

မတရားသောမေထုန်ကို သူနှင့်ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည်၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ၊ သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊ ရွှေ၊ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ၊ ကြေးဝါတန်ဆာ၊ သံတန်ဆာ၊ ကျောက်ဖြူ တန်ဆာ၊ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျုံဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံကျွန် ၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ။ သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ ဆူဖျိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ရ။ သူ့ကိုအမှီပြု၍ ထိုအရာများကို ရောင်းဝယ်သဖြင့်၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အဝတ်နီ၊ အဝတ်မောင်းကို ဝတ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး၊ ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ်၍ သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင်၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ၍၎င်း၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ၍၎င်း အော်ဟစ်လျက်၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး၍ စိတ်မသာ ညည်းတွားကြလိမ့်မည်။ ကောင်းကင်မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူကို ကြည့်ရှု၍ ဝမ်းမြောက်ကြလော့။ ဘုရားသခင်သည် သင်တို့ဘက်၌နေ၍၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား၏။ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။ စောင်းသမား၊ အငြိမ့်သမား၊ ပုလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန်မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ၌ နောက်တဖန် မပေါ် မရှိရ။ ကြိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။

ဗ္ယာဒိတ္က္ယမ္း 18:23-24

ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို၏။ ပရောဖက်တို့၏ အသွေး၊ သန့်ရှင်းသူတို့၏ အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌တွေ့၏။

ဗ္ယာဒိတ္က္ယမ္း 19:1-6

ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေ လုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော် ကျွန်တို့၏ အသွေး ကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။ တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။ အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။ ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။ တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ၏။

ဗ္ယာဒိတ္က္ယမ္း 19:7-10

ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏။ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏။

ဗ္ယာဒိတ္က္ယမ္း 19:11-16

ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူ သည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော် စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း ရေးထားလျက်ရှိ၏။

ဗ္ယာဒိတ္က္ယမ္း 19:17-18

ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင်၏။ သူသည် မိုဃ်းကောင်းကင်အလယ်၌ ပျံတတ် သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။

ဗ္ယာဒိတ္က္ယမ္း 19:19-21

သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

ဗ္ယာဒိတ္က္ယမ္း 20:1-3

တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင် မကုန်မှီတိုင်အောင်၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည်။

ဗ္ယာဒိတ္က္ယမ္း 20:4-6

ပလ္လင်များကိုလည်း ငါမြင်၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။ သားရဲနှင့် သူ၏ရုပ်တုကို မကိုးကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌မခံ၊ လက်၌မခံဘဲနေ၍ ယေရှု၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။ ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမမြောက်ခြင်းဖြစ်သတည်း။ ပဌမမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ် ပုရောဟိတ်ဖြစ်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြလိမ့်မည်။

ဗ္ယာဒိတ္က္ယမ္း 20:7-9

ထိုအနှစ်တထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ၍၊ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ၎င်း တက်လိမ့်မည်။ ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင် အထံတော်၊ ကောင်းကင်မှ မီးကျ၍ သူတို့ကို မျိုလေ၏။

ဗ္ယာဒိတ္က္ယမ္း 20:10

သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့။

ဗ္ယာဒိတ္က္ယမ္း 20:11-15

တဖန်တုံ၊ ဖြူသောပလ္လင်ကြီကို၎င်း၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့ နေစရာအရပ်မရှိ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ၏။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။

ဗ္ယာဒိတ္က္ယမ္း 21:1-2

ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ။ ထိုအခါမှစ၍ သမုဒ္ဒရာ မရှိ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။

ဗ္ယာဒိတ္က္ယမ္း 21:3-9

ကောင်းကင်မှကြီးသော အသံကား၊ ဘုရား သခင်၏ တဲကော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူ မည်။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ။ စိက်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူက လည်း၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ၏။ တဖန် တုံ၊ ရေးထား လော့။ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏ ဟူ၍၎င်း၊ အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ၊ လူအသက်ကို သတ်သော သူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ် သောသူ၊ ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ၍၎င်း ငါ့အား မိန့်တော်မူ၏။ နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့် သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာ ဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက် ၊

ဗ္ယာဒိတ္က္ယမ္း 21:10-21

ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။ ထိုမြို့၏ အရောင်အဝါသည်၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ပါး၏ နာမတို့ သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။ ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ၊ တိုင်းစရာ ရွှေကျူလုံးပါ၏။ မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ ထိုသူ သည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။ မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ် လေးတောင်ရှိ၏။ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင် ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပဋ္ဌမအမြစ်ကားနဂါးသွဲ့ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထ အမြစ်ကား မြ၊ ပဥ္စမအမြစ်ကား ကြောင်၊ ဆဋ္ဌမအမြစ် ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမ အမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝှါကိနု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။ တံခါးရွက် တဆယ်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။

ဗ္ယာဒိတ္က္ယမ္း 21:22-27

မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူ ကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန်ဖြစ် တော်မူ၏။ ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။ လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။ လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။

ဗ္ယာဒိတ္က္ယမ္း 22:12

ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။

Burmese - မြန်မာစာ - MY

BJB - Judson Burmese Bible - 1840

Public Domain OPEN
https://find.bible/bibles/MYABJB/
Languages are made available to you by www.ipedge.net